မသန်းစွမ်းသူများအတွက် မြန်မာနှင့် ဂျပန် ပူးပေါင်းဆောင်ရွက် သွားမည်

alt

မသန်စွမ်းသူ များအတွက် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ဂျပန် နိုင်ငံများ ပူးပေါင်းသွားမည် ဖြစ်သည်။ မြန်မာ့ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံတကာ

ကော်ပိုရေးရှင်း အေဂျင်စီ (JiCA) တို့သည် မြန်မာ နိုင်ငံ အတွင်းရှိ မသန်စွမ်းသူများ အား ကူညီ စောင့်ရှောက်ရေးနှင့် ၎င်းတို့၏ လူနေမှုဘဝ ပြန်လည် ကောင်းမွန် လာရေး ရည်ရွယ်ကာ ယခုစီမံကိန်း အား အကောင်အထည် ဖော်ခဲ့ခြင်းဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

(၂၀၀၉) ခုနှစ်မှ (၂၀၁၃)ခုထိ ကြာမြင့်မည့် (၅)နှစ် စီမံကိန်းအား ရန်ကုန်မြို့ အမျိုးသား မသန်စွမ်းသူများ ကူညီ စောင့်ရှောက်ရေး ဆေးရုံကြီးတွင် အခြေတည်ကာ ပညာရေး၊ လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆေးဝါးကိရိယာများ အဆင့်မြှင့်တင်ရေး ကိစ္စများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

စီမံကိန်းတွင် လူမှုရေးအဖွဲ့များ၊ NGOများ၊ ပြန်လည်နေရာ ချထားရေး အကူအညီအဖွဲ့ များလည်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု အရ JICA သည် မြန်မာအစိုးရအား နည်းပညာပိုင်း ထောက်ပံ့ သွားမည်ဖြစ်သလို မြန်မာ ဝန်ထမ်းများအား ဂျပန်သို့ ခေါ်ယူလေ့ကျင့် ပေးသွားမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၊ မသန်စွမ်းသူ များအသင်း (MDPA) သည် ပြန်လည်ထူထောင်ရေး နှစ်ရှည် စီမံကိန်းနှစ်ခုကို ရေးဆွဲကာ နိုင်ငံတဝှမ်းရှိ မသန်စွမ်းသူများ အတွက် အခွင့်အလမ်းများ ပေါ်ပေါက်စေရေး ရည်ရွယ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်း(၅၀)မျှ နေထိုင်ပြီး မသန်စွမ်းသူ အရေအတွက်မှာ (၁.၃)သန်းခန့် ရှိနေသည်။

မသန်စွမ်းသူများ အနက် ခြေလက် မသန်စွမ်းသူ အရေအတွက်မှာ (၇၂.၃)ရာခိုင်နှုန်း အထိရှိပြီး အမြင်အာရုံ ချွတ်ယွင်းသူ (၁၀.၉) ရာခိုင်နှုန်း၊ အကြားအာရုံ ချွတ်ယွင်းသူ (၉.၅) ရာခိုင်နှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ (၉)ရာခိုင်နှုန်းမျှ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here