ပေါ့(ပ်)ဘုရင် မိုက်ကယ်ဂျက်ဆင်၏ သေစာရင်း အွန်လိုင်း၍ ပြန့်နှံ့နေ

alt

အရှိန်အဝါ ကြီးမားလှသော ပေါ့(ပ်) ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်မှာ သေဆုံး ပြီးသည့်နောက် သူ၏ ပရိသတ်များမှ သူ တကယ်သေ/ မသေ ဒွိဟ ဖြစ်နေကြဆဲ ဖြစ်ရာ၊ ယခု မိုက်ကယ်၏ သေစာရင်း အစစ်

မိတ္တူတခု ထွက်ပေါ် လာကာ အွန်လိုင်း၌ ပျံ့နှံ့နေကြောင်း သိရှိ ရသည်။ ဂန္တဝင်ဆန်ဆန် နေထိုင်ခဲ့သော ပေါ့(ပ်) ဘုရင်ကြီးမှာ သေပြီး သည့်နောက် အလောင်းအား Forest Lawn သုဿန်တွင် ခေတ္တ ယာယီသာ ထားခဲ့ပြီး၊ မီးသြင်္ဂိုလ်ရာ မည်သို့ ယူဆောင် သွားသည်ကို မိသားစုဝင် မှ လွဲ၍မည်သူမှ မသိတော့ချေ။

ယခု မိုက်ကယ်၏ သေစာရင်းတွင် အလုပ်အကိုင်အား ဂီတပညာရှင်ဟု ဖေါ်ပြ ထားပြီး၊ စီးပွားရေးတွင် ဖျော်ဖြေရေး လုပ်ငန်းဟု ဖေါ်ပြထားသည်။ အသက် ၄၅နှစ်သာ ရေးသားထားပြီး၊ လူမျိုးနေရာတွင် လူမည်းဟု အန္တရာယ်ကြီးသော စာလုံးဖြင့် ရေးသားထားသည်။

တဖန် သေစာရင်း အကြောင်းအရာပါ ဖြည့်စွက်သူမှာ အမ ဖြစ်သူ လာတိုယာ ဂျက်ဆင် ဖြစ်ပြီး၊ နေထိုင်သည့် လိပ်စာအား မိုက်ကယ်သေဆုံးသည့် ဟုမ်ဘီတောင်ကုန်း နေအိမ်အား မရေးသားထားပဲ မိဘများနေထိုင်ရာ အန်စင်နို အရပ်နေအိမ်သာ ရေးသာထားကာ၊ ပညာအရည်အချင်းမှာ အထက်တန်း ကျောင်းအောင် ဟုသာ ဖြည့်စွက်ရေးသား ထားသည်ကို တွေ့ရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here