ဟောင်ကောင်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်သူ ဖမ်းဆီးရမိ

alt

ဟောင်ကောင်ရှိ ကမာ္ဘလှည့်များနှင့် ကြက်ပျံ မကျ စည်ကားလှသော မာကော့ခ် အရပ် ရှော(ပ်)ပင်းစင်တာ များ ဒေသတွင် လူတဦး အက်ဆစ် ဖြင့် လိုက်လံပက်ဖျန်း တိုက်ခိုက်ရာ လက်ရဖမ်းဆီး လိုက်သည်။

စနေနေ ညက ထိုတိုက်ခိုက်မှုတွင် လူပေါင်း ၃၀ကျော် ထိခိုက်ဒဏ်ရာ ရရှိ သွားပြီး၊ ကမာ္ဘလှည့် ခရီးသွား ၉ဦး၊ ရနှစ် အရွယ် မိန်းကလေးပါ ပါဝင်သည်ဟု ဆိုသည်။ ထိုကဲ့သို့ အသေအကြေ တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိသူများအား ဒေသတွင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရှိရသည်။

အခင်း ဖြစ်ပွားရာမှာ ကောင်လွန်း တဖက်ကမ်း အလွန်စည်ကားရာ မာကော့ခ် ဈေးရှိ ဘုရားကျောင်းအနီး ဖြစ်ပြီး အက်ဆစ်အရည်အား ဗူး၂ဗူးထဲ ထည့်ပြီး လူစည်ကားရာတွင် လိုက်လံ ပက်ဖျန်းခြင်းဟု ဆိုသည်။ အသက် ၃၀အရွယ်ခန့် လူတဦးအား ထိုအနီးအနား တိုက်၏ ခေါင်မိုးတွင် တိုက်ခိုက်ရာတွင် သုံးသော ပလပ်စတစ်ဗူးနှင့် လက်ရဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဟောင်ကောင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ မီရှဲလ်မာ့ခ် မှ ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က ဟောင်ကောင်း ရဲတပ်ဖွဲ့ ရဲချုပ် ဒေါ်နယ်တန်မှ ယင်းဖြစ်ရပ်အတွက် ဟောင်ကောင် ပြည်သူများ အလွန်ကြေကွဲ ဒေါသထွက်ခဲ့ ရသည်ဟု ဆိုကာ ထိုအခင်း ဖြစ်ပွားစဉ်ကပင် ဟောင်ကောင်ရဲမှ ဆုငွေ ဒေါ်လာ ၃၉၀၀၀ ထုတ်ခဲ့ပြီး ဖြစ်ကာ ယခင် ၂၀၀၈ခုနှစ် ဒီဇင်ဘာလအထိ ထိုကဲ့သို့ တိုက်ခိုက်မှု ၅ကြိမ် ဖြစ်ပွားခဲ့ကာ လူပေါင်း ၁၀၇ ယောက် ထိခိုက် အနာတရ ဖြစ်ထားသည်ဟု ဟောင်ကောင်မှ လာသော အေပီသတင်းအရ သိရှိရသည်။

အလားတူ အက်ဆစ်ဖြင့် တိုက်ခိုက်မှုမျိုး ဗြိတိသျှ မော်ဒယ် ကစ်တီပိုက်ပါ လည်း ၂၀၀၈ခုနှစ် မတ်လက ဖြစ်ပွားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here