ဂျိမ်းစ်ကင်မရွန်း၏ Avatar ဇာတ်ကား ကမ္ဘာ့သမိုင်းတွင် ဒုတိယမြောက် ဝင်ငွေ အကောင်းဆုံး ဖြစ်လာ

alt

ဟောလီးဝုဒ် ရပ်ဝန်းတွင် ဂျိမ်း(စ်) ကင်မရွန်း သည် လက်ညှိုးညွှန်ရာ ရေဖြစ်သည့် ဒါရိုက်တာတဦး ဖြစ်နေ ကြောင်း Avatar က ညွှန်ပြနေခဲ့ပြီ ဖြစ်သည်။ ၎င်း ရိုက်ကူးခဲ့သည့် Animation ရုပ်ရှင် ဇာတ်ကားသည်

အမေရိက နှင့် ကမ္ဘာတဝှမ်းရှိ ရုပ်ရှင် လောက သို့ ဆက်လက် လွှမ်းမိုး ထားဆဲ ဖြစ်သလို ယခုအခါ စုစုပေါင်း ရုံဝင်ကြေး (၁.၃၄) ဘီလျံဖြင့် ကမာ္ဘ့ သမိုင်းတွင် ဒုတိယမြောက် ငွေကြေး အရရှိဆုံး ဇာတ်ကားအဖြစ် အောင်ပွဲ ခံနေဆဲ ဖြစ်သည်။

ထို့အပြင် ကင်မရွန်း၏ လက်ရာပင် ဖြစ်သော (၂၀၀၇)ခုနှစ် ရုပ်ရှင် Titanic မှာ ဝင်ငွေ ဒေါ်လာ (၁.၈) ဘီလျံဖြင့် နံပါတ်(၁) နေရာတွင် ရပ်တည်နေဆဲ ဖြစ်သည်။ Titanic သည် စရုံတင်ပြီး (၁၅)ပါတ် လုံးလုံး နံပါတ်(၁) နေရာမှ မဆင်းဘဲ အောင်ပွဲခံခဲ့သလို အော်စကာ (၁၁)ဆုကို သိမ်းကျံုး ရယူခဲ့သည်။

သို့သော်လည်း Avatar သည် Titanic ၏ အောင်မြင်မှုကို ကျော်ဖြတ်သွားဖွယ် ရှိကြောင်း လေ့လာသူများက ယုံကြည်လျက် ရှိကြသည်။ ယခု အချိန်ထိ တိတိကျကျ မပြောနိုင်သေးသည့်တိုင် အရာရာ ဖြစ်နိုင်သည်ကို လက်ခံ ထားရမည် ဖြစ်ကြောင်း Avatar အား တာဝန်ယူ ထုတ်ဝေခဲ့သည့် 20th Century Fox မှ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဘတ်လစ်ဗင်တန် က ပြောကြားခဲ့သည်။

Avatar အနေနှင့် Titanic ထက် သာလွန်သော အခွင့်အရေး တခုမှာ Titanic ကို ရုံတင်စဉ်က မရှိသေးသည့် 3D ဇာတ်ရုံများမှ ဝင်ငွေပါ ရရှိနေခြင်း ဖြစ်သည်။ Avatar သည် အော်စကာဆု စာရင်းတွင်လည်း ခေါင်းစဉ် အတော်များများ အတွက် ရည်ရွယ်ခြင်း ခံနေရကြောင်း ဟောလီးဝုဒ် သတင်းများက ဖော်ပြနေခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here