တိုဂို အမျိုးသား ဘောလုံးအသင်း အိမ်ပြန်ပြီဟု အီမန်နျူယယ် အဒီဘာယော ပြောကြား

alt

မန်ချက်စတာ စီးတီး တိုက်စစ်မှူး နှင့် တိုဂိုနိုင်ငံ အမျိုးသား အသင်း ခေါင်းဆောင် အီမန်နျူယယ် အဒီ ဘာယော က မိမိတို့ အသင်းသည် အာဖရိက ဖလားပြိုင်ပွဲ မပြီးဆုံးမီ မိမိတို့ နိုင်ငံအား ပြန်သွားပြီ

ဖြစ်သည်ဟု ပြင်သစ် ရေဒီယို RMC သို့ တနင်္ဂနွေနေ့ အစောပိုင်းက ပြောကြားလိုက်သည်။

သောကြာနေ့က အန်ဂိုလာ နိုင်ငံတွင် အာဖရိကန်ဖလား ဘောလုံးပြိုင်ပွဲသို့ ဘတ်(စ်) ကားခရီးဖြင့် သွားရောက် ကစားသည့် တိုဂိုနိုင်ငံ အမျိုးသား ဘောလုံး အသင်းအား လမ်းခုလတ် Cabinda enclave တွင် အန်ဂိုလာ ခွဲထွက် အကြမ်းဖက် အုပ်စုတစုက ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဘတ်(စ်) ကားဒရိုင်ဘာ သေဆုံးပြီး၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ လက်ထောက်နည်းပြ နှင့် ကစားသမား ၂ဦးတို့ အပြင်းအထန် ဒဏ်ရာ ရရှိသွားကြသည်။

အဒီဘာယောက ပြောကြားရာတွင် ကံမကောင်း အကြောင်းမလှစွာ မိမိတို့ နိုင်ငံအာဏာပိုင်များ၏ ဆုံးဖြတ်ချက်နှင့် ကွဲလွဲစွာ မိမိတို့ ကစားသမားများ စနေနေ့က ဆုံးဖြတ်ပြီး၊ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်စေမည့် လမ်းကိုရွေးကာ ပေးဆပ် သေဆုံးသွားသည့် ကစားသမားများ အတွက် ဂုဏ်ပြုပြီး ယခုလို ပြိုင်ပွဲမှ နှုတ်ထွက်ဖြစ်ကာ နိုင်ငံအား ပြန်သွားကြပြီ ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here