ယီမင်နိုင်ငံတွင် အယ်ကေဒါစစ်သွေးကြွများ ဖမ်းဆီးရမိ

alt

ယီမင်အစိုးရသည် အယ်ကေဒါ စစ်သွေးကြွဟု ယူဆရသူ (၃)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ (၈)ရက်နေ့က မာရစ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သူ (၃)ဦးအနက် (၂)ဦးသည် အဖွဲ့ခေါင်းဆောင်များဟု

ယူဆရကြောင်း ယီမင်ပြည်ထဲရေးဝန်ကြီးဌာနက လုံခြံုရေး တပ်ဖွဲ့များသည် ထိုခရိုင်အတွင်း အယ်ကေဒါ အဖွဲ့ဝင်များအား စစ်ဆင်ရေးများ ပြုလုပ်ကာ ခြေရာခံ ရှာဖွေလျက်ရှိပြီး WJ ဟုသာ အမည်ဖော်ပြသည့် အသက်(၂၅)နှစ်ရှိ အမျိုးသား တစ်ဦးအား ဇန်နဝါရီလ (၇)ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။ ထို့အပြင် ပြီးခဲ့သည့်လကလည်း ထိုဒေသမှ အခြားသူနှစ်ဦးအား ဖမ်းဆီးထားကြောင်း ၀န်ကြီးဌာနက အတည်ပြုသည်။ မက်ဘာရက်ဟိတ် အယ်ရှက်ဝါနီနှင့် မန်ဆာ ဆလာဒါလီတို့ နှစ်ဦးသည် အယ်ကေဒါ ခေါင်းဆောင်များ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုဖြင့် ဒီဇင်ဘာ (၁၄)ရက်နေ့က အဖမ်းခံရသည်။ ယီမင်ရှိ အယ်ကေဒါ တပ်ဖွဲ့သည် အမေရိကန် Delta လေကြောင်းခရီးစဉ်အား ဖောက်ခွဲရန် ကြိုးပမ်းခဲ့မှုအား စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

ယီမင်နိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့များသည် ယင်းဒေသအတွင်း ခိုအောင်းနေသည်ဟု ယူဆရသော အယ်ကေဒါခေါင်းဆောင် အယာအယ်ရှက်ဝါနီအား ဖမ်းဆီးနိုင်ရေး ကြိုးပမ်းခဲ့သေးသော်လည်း လွတ်မြောက်သွားကြောင်း သိရသည်။

ဂျီဟတ်ခေါ် မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို တိုက်ခိုက်ရန် ကြွေးကြော်နေသည့် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက်အဖွဲ့များအား ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်သွေးကြွဟု ယူဆရသူ (၆၀)ကျော် သေဆုံးကြောင်း အစိုးရက ပြောကြားခဲ့သည်။ ခရစ္စမတ်နေ့ မအောင်မြင်သည့် ဗုံးဖောက်ခွဲရန် ကြိုးပမ်းမှု ပေါ်ပေါက်လာပြီးနောက် ယီမင်အစိုးရက နိုင်ငံအတွင်း အကြမ်းဖက်သမားများအား နှိမ်နင်းရေးအတွက် အကူအညီများ ဖြည့်ဆည်းပေးရန် အမေရိကန် အစိုးရအား တောင်းဆိုထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here