ဂွင်းနက်ပက်ထရို ယာဉ်တိုက်မှုတွေ့ကြုံ

alt

ဟောလီးဝုဒ် မင်းသမီး ဂွင်းနက်ပက်ထရိုက ဇန်နဝါရီလ (၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအတွင်း ပါ၀င်ခဲ့ခြင်းအတွက် တုန်လှုပ်မိကြောင်း ၀န်ခံခဲ့သည်။

သူမသည် လန်ဒန်မြို့ရှိ ရေခဲနေသော လမ်းမတွင် လမ်းချော်သွားသည့် ယာဉ်တိုက်မှု တစ်ခုအား ကြံုခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ မြို့တော် လမ်းမပေါ်တွင် ကားမောင်းနေသော မင်းသမီးသည် နှင်းမုန်တိုင်း ကျလာသည်နှင့် ကြံုတွေ့ရပြီးနောက် လမ်းချော်ကာ အခြားကားတစ်စင်းကို ၀င်တိုက်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်က အော်စကာဆုရှင် မင်းသမီးသည် သူမ၏ BMWကားကို မောင်းလာခြင်းဖြစ်ပြီး ရှေ့မှ Kiaကားကို တိုက်မိခြင်းဖြစ်သည်။ မင်းသမီးသည် အခြားကားမှ ဒရိုင်ဗာနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ အိမ်သို့ပြန်လာကြောင်းနှင့် ဒဏ်ရာမရခဲ့ကြောင်း justjared.comသတင်းဌာနက ဖော်ပြထားသည်။

ပက်ထရိုသည် သူမ၏ ခင်ပွန်းသည် ခရစ်မာတင်၊ ကလေးနှစ်ဦးတို့နှင့်အတူ လန်ဒန်တွင် နေထိုင်လျက်ရှိသည်။ စံချိန်တင် အအေးလွန်ကဲမှုများ ဖြစ်ပေါ်နေသည့် လန်ဒန်မြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် Celebrityမှာ ပက်ထရို တစ်ဦးတည်း မဟုတ်ပေ။ ဒီဇင်ဘာလက အဆိုတော် ၀ီယန်းသည်လည်း ရေခဲနေသော လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here