ကြံကြံဖန်ဖန် ကူညီခဲ့ရသည့် ဗြိတိန်မီးသတ်ဝန်ထမ်းများ

alt

ဗြိတိသျှ မီးသတ်ဝန်ထမ်းများသည် ထူးထူးခြားခြား အကူအညီ တောင်းခံမှုတစ်ခုကြောင့် ဆေးရုံသို့ သွားရောက်ကာ ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ဟမ့်ရှိုင်းယား မီးသတ်တပ်ဖွဲ့က သတ္တုပိုက်လုံး တစ်ခုတွင်

လိင်တံညပ်မိနေသည့် အမျိုးသားတစ်ဦးအား မိနစ်(၃၀)ကြာ အချိန်ယူကာ သတ္တုပိုက်ကို ဖြတ်တောက်ကူညီခဲ့ရကြောင်း အတည်ပြု ပြောကြားသွားသည်။ ဇန်နဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက ဆောက်သမ်တမ် အထွေထွေ ဆေးရုံကြီးမှ အကူအညီ တောင်းခံမှုကြောင့် မီးသတ်သမားများ ရောက်ရှိသွားချိန်တွင် အကြီးအကျယ် ဘေးကြပ်နံကြပ် ဖြစ်နေသော ထိုပုဂ္ဂိုလ်၏ လိင်တံထိပ်တွင် စွပ်လျက်သား ရှိနေသည့် ပိုက်လုံးကို (၄)လက်မခွဲ သတ္တုဖြတ်စက်ဖြင့် ဖြတ်တောက်ပေးခဲ့ရသည်။ မီးသတ်သမားများသည် ထိုသူ၏ လိင်တံအား အနာတရ မဖြစ်စေရန် သတိထား ဆောင်ရွက်ခဲ့ရကြောင့် သိရသည်။ ထိုသူ၏ လိင်တံမှ သွေးကြောများ နိုးကြွမှုကြောင့် ပိုက်အတွင်းမှ ဆွဲထုတ်ရန် အနှောင့်အယှက် ဖြစ်နေသဖြင့် ပြင်ပမှ ပိုက်အားခွဲထုတ်ရန် ဆုံးဖြတ်ခဲ့ရကြောင်း ဆရာဝန်များကဆိုသည်။ အောင်မြင်စွာ ခွဲထုတ်ပြီးချိန်တွင် ယင်းအမျိုးသား၏ လိင်တံမှာ အတွင်းကြေဒဏ်အနည်းငယ် ထိသွားပြီး ရောင်နေသည့်တိုင် ရေရှည်ထိခိုက်မှု မရှိနိုင်ကြောင်း သိရသည်။ မီးသတ်သမားများက ယင်းပုဂ္ဂိုလ်၏လိင်တံမှာ မည်သို့မည်ပုံ ပိုက်ခေါင်းထဲ ရောက်နေသည်ကို မသိကြောင်း ပြောကြားသွားသည်။

မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ယခု Operation သည် အလွန်လက်ဝင်သဖြင့် မီးသတ်ရဲဘော်များ အစိုးရိမ်ကြီးခဲ့မိကြောင်း၊ ထိုသူသည် နောက်တစ်ကြိမ် ထိုသို့ပြဿနာမျိုး မဖြစ်အောင် အနေအထိုင် ဆင်ခြင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here