ခရစ္စမတ်ကာလ ဗြိတိန်တစ်နိုင်ငံလုံး နှင်းဖုံးစေရမည် လောင်းကြေး ထပ်ခဲ့သူ အလျော်မရသေး

alt

ခရစ္စမတ်ကာလတွင် တစ်နိုင်ငံလုံး နှင်းဖုံးစေရမည်ဟူသော လောင်းကြေးထပ်ခဲ့သူအား ပေါင်စတာလင် (၇)သန်းကျော်ပေးချေရန် လောင်းကစားဒိုင် ကုမ္ပဏီကြီးတစ်ခုက ငြင်းဆိုထားကြောင်း သိရသည်။

ထိုအလောင်းအစားအား မှားယွင်းလက်ခံထားခဲ့မိခြင်းသာဖြစ်ကြောင်း Ladbrokes လောင်းကစားဒိုင်အဖွဲ့က ကြေညာသည်။ အသက်(၅၂)နှစ်ရှိ ကလစ်ဘရိုင်နက်က ခရစ္စမတ်ကာလတွင် တစ်နိုင်ငံလုံးရှိ မြို့ပေါင်း(၂၄)ခုတွင် နှင်းများအပြည့်ကျဆင်းစေရမည်ဟူသော လောင်းကြေးအတွက် (၅)ပေါင်တန် ဖြတ်ပိုင်းနှစ်ခု ၀ယ်ယူခဲ့သည်။ Ladbrokes မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မိမိတို့သည် ထိုလောင်းကြေးအား မှားယွင်းလက်ခံမိသည့်အတွက် လောင်းကြေးထပ်ခဲ့သူအား တောင်းပန်လိုကြောင်း၊ ကုမ္ပဏီ၏ စည်းမျဉ်းများတွင် ယင်းကဲ့သို့သော ကိစ္စမျိုးကို လောင်းကြေးထပ်ရန် လက်ခံခွင့်မရှိကြောင်း ပြောဆိုသွားသည်။ ထို့အပြင် ကုမ္ပဏီသည် လောင်းကြေးအနိုင်ရသည့် ဖောက်သည်များအား ငွေကြေးပေးလျော်ရခြင်းအတွက် အမြဲတမ်း ပျော်ရွှင်နေလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။ ၎င်းတို့က ဆောက်သမ်တန်တွင် နေထိုင်သည့် ဒီဇိုင်းပညာရှင် ဘရိုင်နက် ခန့်မှန်းထားသည့် ပေါင်စတာလင် (၇.၁)သန်းကျော်အား ပေးချေရန် ငြင်းဆန်ထားပြီး (၃၁.၇၈)ပေါင်သာ အလျော်ပေးနိုင်မည်ဟုဆိုသည်။

ဘရိုင်နက်ကမူ ပထမလောင်းကြေးအတွက် ပေါင်(၄.၉)သန်းနှင့် ဒုတိယထပ်ပေါင်း လောင်းကြေးအတွက် ပေါင်(၂.၂)သန်း ရရှိရန် အရေးဆိုထားသည်။ Ladbrokesကမူ ယခုကိစ္စသည် မရည်ရွယ်သော ဖြစ်တောင့်ဖြစ်ခဲ အမှားတစ်ခုဟု အကြောင်းပြထားသည်။ ဗြိတိန်တွင် တရားဝင်ဖွဲ့စည်းထားသည့် လွတ်လပ်သော အလောင်းအစား မျှတရေး ၀န်ဆောင်မှုဌာနက ဘရိုင်နက်၏ ကိစ္စအတွက် စုံစမ်းမှုများ ပြုလုပ်ပေးသွားမည်ဟု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here