ကံဆိုးတဲ့ အမေရိကန်သား ဇနီးဟောင်းအိမ်ခိုးဝင်စဉ် အဖမ်းခံရ

alt

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ရဲဌာနက နေအိမ်ဖောက်ထွင်းသူ အမျိုးသားတစ်ဦးသည် ထိုအိမ်အတွင်း ၎င်း၏ကလေးများ ရောက်နေသည်ကို မသိခဲ့သောကြောင့် အဖမ်းခံလိုက်ရကြောင်း ပြောကြားသွားသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ရီတာဝုဖ်က အသက်(၃၃)နှစ်အရွဇယ် ရောဂူဆင်ဗာလင်ဇူလာနှင့် သူငယ်ချင်း တစ်ဦးသည် ပြီးခဲ့သည့် သီတင်းပါတ်က သူငယ်ချင်း၏ ဇနီးဟောင်းနှင့် သူမ၏ လက်ရှိချစ်သူတို့ ပြဿနာတက်စေရန် ရည်ရွယ်ကာ ဇနီးဟောင်း၏အိမ်သို့ ခိုးဝင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ဗာလင်ဇူလာ၏ ကလေးများမှာ ထိုအိမ်သို့ ရောက်ရှိနေပြီး ဗာလင်ဇူဗာအား မှတ်မိသွားခဲ့သည်။ ဗာလင်ဇူဗာ၏ သူငယ်ချင်းဖြစ်သူ၏ ဇနီးဟောင်းမှာ ကလေးထိန်းအလုပ်ကို လုပ်ကိုင်နေပြီး ဗာလင်ဇူဗာ၏ (၈)နှစ်နှင့် (၁၁)နှစ်အရွယ် ကလေးနှစ်ဦးအား ထိန်းကျောင်းပေးနေသည်။

ဗာလင်ဇူဗာသည် ကလေးနှစ်ယောက်အား သတိထားမိပြီးနောက် ပြန်ပြေးလာခဲ့သော်လည်း အိမ်အရောက်တွင် အဖမ်းခံခဲ့ရသည်။ ရဲဌာနက ဗာလင်ဇူဗာအား ဖောက်ထွင်းမှုဖြင့် တရားစွဲဆိုမည်ဟု အတည်ပြုထားပြီး ၎င်းနှင့်အတူ ပူးပေါင်းပါ၀င်ခဲ့သည့် သူငယ်ချင်းအား ရှာဖွေနေကြောင်း ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here