စံချိန်တင်ဒဏ်ငွေအရိုက်ခံရသည့် မော်တော်ဆိုင်ကယ်သမား

alt

သန်းကြွယ်သူဌေး မော်တော်ဆိုင်ကယ်သမား တစ်ဦးသည် စံချိန်တင် ဒဏ်ငွေရိုက်ခံလိုက်ရကြောင်း သိရှိရသည်။ ယင်းသည် ဆွစ်ဇာလန်ရှိ ကျေးရွာလေးတစ်ခုတွင် တစ်နာရီ ကီလိုမီတာ (၁၀၀)ကျော်နှုန်းဖြင့်

အနီရောင် ဖာရာရီ တက်စတာရော့ဆာ ဆိုင်ကယ်အား အကြမ်းပတမ်း စီးနင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဆွစ်ဇာလန် ဖရန့်ငွေ (၂၉၉၀၀၀)ကို ရဲတပ်ဖွဲ့က ဒဏ်ရိုက်လိုက်သည်။ ယင်းပမာဏသည် ဒေါ်လာ (၂၉၀၀၀၀)နှင့် ညီမျှသည်။ ရဲတပ်ဖွဲ့က အမည်ဖော်ပြခြင်း မရှိသည့် ယင်းပုဂ္ဂိုလ်သည် (၂၀၀၈)ခုနှစ် အတွင်းကလည်း ပိုရှေးကားတစ်စင်းအား မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် ဆွစ်ဖရန့် (၁၁၁၀၀၀) ဒဏ်ရိုက်ခံရဖူးပြီးဖြစ်သည်။ ဆွစ်ဇာလန်မြောက်ပိုင်း စိန့်ဂါလန် တရားရုံးက တရားခံသည် မြန်နှုန်းမြင့် မော်တော်ယာဉ်များအား အခြားသော အရေးတကြီး ကိစ္စမရှိဘဲ တမင်သက်သက် အမြန်မောင်းခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းများက ထိုသူ ဆိုင်ကယ်မောင်းခဲ့သော အမြန်နှုန်းမှာ တစ်နာရီ (၁၃၇)ကီလိုမီတာထိ ရှိသည်ဟု ဖော်ပြခဲ့သော်လည်း တရားရုံးက အတည်ပြုရန် ငြင်းဆန်ထားသည်။ ထိုသူသည် ဆွစ်ဖရန့်ငွေ (၂၃.၃)သန်းထိ ကြွယ်ဝချမ်းသာသူဟု သတင်းများကရေးသားဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here