ငွေရာသီ (ပထမပိုင်း)

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဒီလိုနှစ်သစ် ရောက်တိုင်း အားလုံးနည်း အမျိုးမျိုးနဲ့ ငွေကိုသဲ့ ယူနေကြတဲ့ အထဲမှာ ကိုယ်လည်း ကျန်မနေခဲ့ဖို့ အတွက် အမေရိကားရောက် မြန်မာများကို နှစ်ကုန်လို့

အစိုးရဆီက အခွန်တော်ရှင်းတမ်း ငွေယူပုံ ယူနည်းများကို စံနစ်တကျလေး ဖြစ်အောင် သိသလောက်ကို အပိုင်းခွဲပြီး ဖော်ပြသွားပါမယ်။

နှစ်တနှစ်ရဲ့ ဇန္နဝါရီလကနေ ဧပြီလ အထိဟာ အမေရိကန်မှာ ယခင်နှစ်က မိမိအလုပ် လုပ်ထားသမျှ၊ ရထားသမျှ၊ အစိုးရကို ပေးဆောင်ထားသမျှ အခွန်တော်ငွေများကို ပြန်လည်ရရှိဖို့ ပြန်လည်အခွန်တော်ဆပ်ဖို့ ၁နှစ်ကျော်ကြာ စောင့်လာခဲ့ရတဲ့ မြန်မာများအဖို့ မျှော်လင့်ချက်တွေ တဖွားဖွား အားကျမခံ လောဘတွေ အပြိုင်တက်ကြ ရတော့မယ့် ကာလတခု ဆိုလည်းမမှားပါ။ တယောက်နဲ့ တယောက် စုံစမ်းကြမယ် ပြီးခဲ့နှစ်က ဆောင်ထားတဲ့ အခွန် ဘယ်လောက် ပြန်ရသလဲ၊ ကလေး ဘယ်နှစ်ယောက်ထည့် ကလိန်း (Tax Claim)လည်း၊ အေးဟယ်..ဒီနှစ်တော့ ငါရော ငါ့ယောကျ်ားပါ အလုပ် လုပ်တော့ ကလေး ၁ယောက်တည်းနဲ့ ကလိန်း(Claim)ရင် ပြန်မှရပါ့မလား အေ….! မသိတော့ပါဘူး…အစရှိသဖြင့် ပေါ့လေ….. ရပ်ကွက်ထဲက စုံစီနဖါ အသံတွေ ခပ်စိတ်စိတ် ကြားရတော့မယ်။

တချို့ကျပြန်တော့လည်း ၁နှစ်လုံး အလုပ် မလုပ်ရလို့ နှစ်အကုန်မှာ သူများတွေရဖို့ ငွေတွက်နေချိန်မှာ အကြံမရ ဖြစ်နေကြသူများလည်း ရှိကြမည်။ မြန်မာအများစု အဖို့ ဒီရာသီမှာ အစိုးရ အခွန်တော်ငွေ ပြန်ပေးရဖို့ထက်၊ ပြန်ရဖို့အတွက် ခြေချင်း လိမ်နေကြသည်။ ဘယ်သူ့ဆီကို (Tax Preparer)သွားတွက်ရင် ငွေပိုရမယ်၊ ဘယ်သူ့ ဆီကိုသွားရင်တော့ ငွေတော့ ပိုပေးရတယ်၊ ဒါပေမဲ့ အများကြီးပြန်ရတယ်၊ သိသလောက် မှတ်သလောက် လေးတွေနဲ့ များများ ပြန်ရမဲ့ နည်းလမ်းတွေကို စုံစမ်းကြသည်။ နောက်ဆုံး အကြံကုန်တော့ မောင်ထုံ အချုပ်ထဲရောက် ဆိုကြသလို ဒုက္ခတွေ တပျော်ကြီးနှင့် အစိုးရက လျော်ကြေးပြန် တောင်းတာ ခံကြရ၊ ၂နှစ်ကနေ ၅နှစ်အထိ အခွန်ဆောင်ငွေ ပြန်ရခြင်း အပိတ်ခံကြရတဲ့ အဖြစ်မျိုးကိုလည်း ဒီရာသီမှာ တွေ့ရတာ ဒုနဲ့ဒေး အမောတွေပေါ့။

သူ့ ကလေးတွေကို ငါ့စာရင်းထဲမှာ ယူကလိန်း(Claim)မယ်၊ ငါ့ကလေး တွေကို သူ့ အထဲမှာ ပေးကလိန်း(Claim)၊ ဒီလို ကလေးမှောင်ခို အရောင်းအဝယ်များ၊ ထိုင်းတို့ မလေးရှား တို့ကိုကျော်ပြီး အမေရိကန်မှာ လာရောက် အလုပ်ဖြစ်တဲ့ ရာသီလည်းဖြစ်သည့် စာရွက်ပေါ်မှ အရှုတ်အရှင်းများ။ အမေရိကား အချို့ဒေသတွင် အများစုက အင်္ဂလိပ်စာ မတတ်၊ အင်္ဂလိပ်စကား မတတ်၊ ပညာရေးနဲ့ အလှမ်းဝေး၊ လေ့လာမှုနဲ့ အလှမ်းဝေး၊ ရရာအလုပ် လုပ်ကြရသူများ ဆိုတော့လည်း၊ ဥပဒေတွေ၊ တရားဝင်တာ ဘောင်ဝင်တာ မဝင်တာတွေ ဘာမှ မစဉ်းစားအား၊ လတ်တလော အလုပ်ဖြစ်ကာ လောလောဆယ် များများငွေပြန်ရဖို့ ရတဲ့ငွေနဲ့ စက်နှိုးရင် ဒေါက်ဝှီး…. ဆိုပြီး အချိန်မရွေး မောင်းထွက်ပြီး အလုပ်သွားလို့ရတဲ့ ကားဝယ်ဖို့၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘ၊ ညီအကို၊ မောင်နှမတွေကို အလှူဒါနပြုကြသူငှါ အကူငွေလေး ထည့်ဖို့အတွက် လာမဲ့ဘေးကို ပြေးတွေ့ ကြသူများလည်း ရှိနေကြသည်။

ဒါတွေဟာ သိပ် အဆန်းကြီးတော့လည်း မဟုတ်ပါ။ အလကား ရမဲ့ငွေ၊ ရမဲ့ငွေကလည်း ကျပ်ငွေ မဟုုတ်.. ဒေါ်လာ..လေ၊ ဒီလို မရှိဆင်းရဲသားတွေပဲ ဒီရောဂါဖြစ်တာ လားဆိုတော့ အဲ့ဒီလိုလည်း မဟုတ်ပြန်သေး၊ အမေရိကန်မှာ အကြီးအကျယ် ချမ်းသာကြတဲ့ ဘဏ်သူဌေးများ၊ လုပ်ငန်းပိုင်ရှင်ကြီးများ၊ ကုမ္မဏီ အရာရှိကြီးများ တွေလည်း ဒီလိုပဲဖြစ်ကြသည်။ အစိုးရကို ပေးဆောင်ရမှာ ဖြစ်ဖြစ်၊ ရယူဖို့ ဖြစ်ဖြစ် တကယ့် ထိတ်ထိတ်ကြဲ စာရင်းကိုင် ပညာရှင်များကို နှစ်စဉ် ဒေါ်လာသိန်းနဲ့ချီ ပေးငှားရမ်းပြီး၊ မပေးသင့်တာတွေကို ပြန်ရအောင်၊ နည်းနည်း ပေးရမဲ့ဟာတွေကို လျော်ပြစ်အောင်၊ များများပေးရမဲ့ ဟာတွေကို နည်းသတဲ့နည်း ပေးရအောင်၊ အချို့ဆို ဘောင်ထဲကနေ လုံးဝ မပေးရအောင် အထိ အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုပ်ဆောင်ဖို့ ငှားရမ်းကြရတာပဲ မဟုတ်လား။ ဒီလို သိတတ်နားလည်သူ များကို ငှားရမ်းလုပ်နိုင်ကြသူ များတောင် အစား မတော် တလုတ်ဆိုသလို ခြေချော် လက်ချော် လဲကျရသေးရင် မရှိဆင်းရဲသား မြန်မာများအဖို့ အခုလို ပြဿနာတွေ ဖြစ်ကြတာကို ခွှင့်လွှတ်လို့တော့ ရသည်၊ ရမည်။

သို့သော် အကောင်းဆုံးက တရားဥပဒေနည်း လမ်းတကျ လုပ်ဆောင်နိုင်ရင်၊ လုပ်ဆောင်တတ်ရင် တော့လည်း အကောင်းဆုံးဖြစ်သည်။ စည်းမျဉ်း စည်းကမ်းလေးတွေကို နားလည်ထားမယ်၊ စည်းမျဉ်း စည်းကမ်းလေးတွေ ထဲကပဲ ကိုယ် မဆုံးရှုံးသင့်တဲ့ အခွင့်အလမ်းတွေ မဆုံးရှုံးအောင်၊ ရသင့် ရထိုက်တာတွေကို အပြည့်ရအောင် လုပ်မယ် ဆိုရင်ပဲ ဒီနှစ် ငွေရာသီမှာ အိမ်ထောင်သည် မြန်မာတွေပြန်ရမဲ့ ငွေဟာမနည်းပါဘူး။ အဓိက မသိမဖြစ် သိထားရမဲ့ အချက်၂ချက်ရှိပါတယ် … Deduction ကိုယ်ပေးဆောင်ရမဲ့ အခွန်ငွေပမာဏ Taxable income ကို လျော့နည်း သွားစေတဲ့ ပေးဆောင်ရမဲ့ အခွန်ငွေထဲက နှုတ်ယူနိုင်တဲ့ သုံးစွဲခွင့်ရှိတဲ့ အရာတွေက ဘာတွေလည်း ဆိုတာနဲ့၊ ပြန်လည်ရရှိမဲ့ငွေ Tax Credit ဘယ်လို ကွာခြားသလဲ ဆိုတာလောက်ကို သိရှိထားမယ် ဆိုရင်ပဲ အလုပ်ဖြစ်ပြီး အတော် တာသွားနေပြီ ဖြစ်သည်။

ဥပမာ အားဖြင့်… Child Tax Credit (ကလေးရှိတဲ့ မိဘတွေကို အစိုးရက ၁ ယောက်ကို ၁ထောင်နှုန်းနဲ့ ပေးတဲ့ငွေ)၊ Earned Income Credit [EIC} (အလုပ် ဝင်ငွေနည်းနည်းပဲ ရရှိတဲ့ သူများကို အစိုးရက ပြန်လည် ကူညီတဲ့ငွေ၊ အမြင့်ဆုံး ဒေါ်လာ၂၀၀၀ကျော် ရရှိမှာ ဖြစ်ပါတယ်) နဲ့ … Child & Dependent Care Credit ကလေးနဲ့ မှီခိုုသူများအတွက် ကုန်ကျစားရိတ် အတွက် ကူညီပေးတဲ့ ငွေ) Education Credits-HOPE Credits ပညာရေးအတွက် အကူအညီ အထောက်အပံ့ ပေးတဲ့ငွေ၊ Education Credits- Lifetime Learning Credit (LLC) (မိမိ လက်ရှိလုပ်နေတဲ့ အလုပ်အတွက် လိုအပ်တဲ့ အတတ်ပညာနဲ့ အရည်အချင်း တိုးမြင့်ဖို့ အတွက် ကျောင်းတတ်လို့ ကုန်ကျတဲ့ငွေ) Adoption Credit (ကလေး မွေးစားလို့ ကုန်ကျတဲ့ငွေ) Residential Energy Tax Credits (စွမ်းအင် ချွေတာအောင် သုံးစွဲရင် ပြန်လည် ရရှိမဲ့ငွေ…) တို့အသုံးပြုပုုံခြင်း မတူကြပါဘူး။ တခုချင်းဆီမှာ ဆောင်ရန် ရှောင်ရန်တွေ ရှိသလို၊ အကန့်အသတ် တွေလည်း အများကြီး ရှိပါတယ်။

အခွန်ငွေ များများ ပြန်လည်ရရှိဖို့ ဘယ်လိုလုပ် ရမလဲ ဆိုတဲ့နည်းလမ်းနဲ့ စည်းကမ်းတွေကို အမှတ်စဉ်ထိုးပြီး ရှင်းပြတာထက် စာရေးနေတာက ပိုများနေတဲ့ အတွက် လိုရင်းကို အတိအကျပဲ ဆုုိပါ့မယ်။ အခွန်ငွေဆောင်တဲ့အခါ အဓိက အခြေခံလိုအပ်မဲ့ အထောက်အထား စာရွက် စာတမ်းနဲ့ အဆင့်တွေနဲ့ ဖော်ပြပေးပါမယ်။ Form W-4 (2009) ဆိုပါစို့ …. ။ W4 လိုု့ခေါ်တဲ့ စာရွက်ကိုု အမေရိကားမှာ အလုပ်လျှောက်လို့ ရပြီဆို လူတိုင်း ဒီစာရွက်ကိုု ဖြည့်ရပါတယ်။ ဒီစာရွက်မှာ အခွန်ဆောင်တဲ့အခါ လိုအပ်မဲ့ အကြောင်းအရာ၊ အချက်အလက်တွေ ဖြစ်တဲ့ အမည်၊ Social Security Number ( လူတဦးချင်းစီ၏ လူမှုဖူလုံရေး နံပါတ် ) မွေးသက္ကရာဇ်၊ အိမ်ထောင်ရေး အခြေအနေ( ရှိ/မရှိ )၊ နေရပ်လိပ်စာ နဲ့ Number of Exemption ( ဟာ အခွန်ဆောင်ရာမှာ အခွန်ငွေ ပြန်ရနိုင်ဖို့ အဓိကကျတဲ့ သော့ချက် အချက်တခုပါ ) တို့ကို အလုပ်သမားတွေ အားလုံး တခါထဲ ဖြည့်ရပါတယ်။

Form W-2 (2009) စာရွက်ကိုတော့ တနှစ် ကုန်တိုင်းမှာ အလုပ်ရှင်က အလုပ်သမားများကို အစိုးရနဲ့ အခွန်ငွေရှင်းဖို့ အတွက် ပေးတဲ့ စာရွက်ဖြစ်ပြီး၊ အလုပ်သမားများ တနှစ်လုံး လုပ်လို့ ရရှိတဲ့ ဝင်ငွေ စုစုပေါင်း၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရနဲ့ မြို ့နယ်ကို ပေးဆောင်ထားတဲ့ အခွန်ငွေများ၊ အသက်ကြီးလို့ အလုပ် အနားယူတဲ့အခါ ပြန်လည်ခံစားရမဲ့ ငွေများအတွက် ကြိုတင် ပေးဆောင်ထားတဲ့ အခွန်များ၊ အခြားသူ များများအတွက် ကျန်းမာရေး ဖူလုံမှု စောင့်ရှောက်ရေး ထည့်ဝင်ငွေများ၊ ဝင်ငွေ နည်းသူများ အတွက် အစိုးရ ဆီက ကြိုတင်ရရှိတဲ့ အကူငွေများ၊ မိမိရဲ့မှီခိုသူ စာရင်း ပါရှိသူများ အတွက် ကုန်ကျတဲ့ အသုံးစားရိတ်များ နှစ်ချုပ်စာရင်း … အစရှိတဲ့ မပါမဖြစ် အသုံးပြုရမဲ့ အချက်အလက်များ ပါရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ W4 နဲ့ W2ဟာ အခွန်ဆောင်ရာမှာ အဓိကပါရှိရမဲ့ အစနဲ့အဆုံး သိပြီးသွားတဲ့အခါ၊ အခွန်ငွေ ဘယ်လို တွက်ချက်သလဲ ဆိုတာကို ဆက်ရှင်းပါမယ်။ ကျနော်တို့ မြန်မာ အလုပ်သမားများ အတွက် ကတော့ ဝင်ငွေတွေ အများကြီး မရတဲ့အတွက် တွက်ချက်ပုံ နည်းက တကယ်ကို အရိုုးရှင်းဆုံးနည်း ဖြစ်ပါလိမ့်မယ်။

အခြေခံနည်းက

Gross Income (၁နှစ် စုစုပေါင်းဝင်ငွေ)

Deductions for Adjusted Gross Income [AGI] (အခွန်ဆောင် ရမဲ့ငွေ ပမာဏကို ရောက်ရှိဖို့ အတွက် ထုတ်နှုတ်နိုင်တဲ့ ကုန်ကျစရိတ်များ ဖြစ်ပါတယ်) Greater of Itemized or Standard Deduction (အခွန်ဆောင်သူ အနေနဲ့ တနှစ်လုံး ကိုယ်သုံးစွဲခဲ့တဲ့ တရားဝင် သတ်မှတ် ပေးထားတဲ့ ထုတ်နှုတ်ပိုင်ခွင့်ရှိ အသုံးစာရင်းများကို၊ တခုချင်းဆီ ကိုယ့်ဘာသာ ပြုလုပ်တဲ့ ကုန်ကျငွေပမာဏ (Itemized deductions) ဒါမှမဟုတ် အစိုးရက အလိုအလျောက် သတ်မှတ်ပေးလိုက်တဲ့ ကုန်ကျငွေ ထုတ်နှုတ်ပိုင်ခွင့် ငွေပမာဏ (Standard deductions) နှစ်ခုမှာ ကိုယ့်အတွက် များမဲ့ဟာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

Exemptions (မှီခိုသူ အရေအတွက်)

Taxable Income (၁နှစ်တာ စုစုပေါင်းဝင်ငွေကိုု အဆင့်ဆင့် ဖြတ်တောက် လာရာက နောက်ဆုံး ပေးဆောင်မဲ့ အခွန်ငွေကို တွက်ချက်နိုင်တဲ့ ဝင်ငွေဖြစ်ပါတယ်)။ Tax Rate (using tax tables or rate schedules) [နောက်ဆုံး အခွန်ဆောင်ရမဲ့ ဝင်ငွေကို သတ်မှတ် ပေးထားတဲ့ အခွန်ဆောင်ရမဲ့ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ဝင်ငွေ အပေါ်မူတည်ပြီး တွက်ချက်ပြီးသား ဖြစ်တဲ့ ဇယားကို အသုံးပြုပြီး ပေးဆောင်ရမဲ့ အခွန်ငွေကို တွက်ချက်ပါတယ်]

Gross Tax Liability (အစိုးရကို ပေးရမဲ့ ငွေ)

Tax Credits and Prepayments ( အစိုးရထံက ရရှိနိုုင်မဲ့ အကူငွေ၊ ဒါမှမဟုတ် ကြိုတင် ရရှိထားတဲ့ငွေ ) Tax Due or Refund (ပေးရမဲ့ ငွေ၊ ဒါမှမဟုတ် ပြန်ရမဲ့ငွေကို ရောက်ရှိပါတယ်) အခွန်ဆောင်ရာမှာ လူလွတ်၊ အိမ်ထောင်သည်၊ ကလေးရှိ/မရှိ၊ ကလေးကို ကိုယ့်နဲ ့အတူထည့်သွင်း / မသွင်း၊ မှီခိုသူ အရေအတွက်၊ ဝင်တဲ့ ဝင်ငွေပမာဏ၊ ဝင်ငွေရရှိပုံ ရရှိနည်း၊ အသက်အရွယ် အပိုင်းအခြား အလိုက် ကွဲပြားမှုတွေ အပေါ်အခြေခံပြီး ဖြည့်ရမဲ့ Form သတ်မှတ် ခွဲခြားပုံခြင်းလည်း မတူပါဘူး။

ဥပမာ —

Form 1040EZ ကို

i.လူပျို၊ အိမ်ထောင်သည် အခွန်ခွဲပြီး မဆောင်သူ Single or Married Filing Jointly

ii.အသက် ၆၅နှစ် အောက်ဖြစ်ပြီး၊ မျက်လုံး မကန်းသူ Must not be 65 or older and/or blind

iii.ကိုုယ့်ရဲ့ File မှာ မှီခိုသူ မထည့်သွင်းသူ Must not claim any dependents

iv.Taxable Income အခွန်ဆောင် ရမဲ့ဝင်ငွေ (အခွန်ဆောင်ရမဲ့ ဝင်ငွေဆိုရာမှာ အလုပ်က ရရှိတဲ့လစာ၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ဝင်ငွေနဲ ့ဘဏ်မှာ ငွေစုုဆောင်းရာမှ ရရှိတဲ့အတိုး ဝင်ငွေ $1,500 ထက်မပိုတဲ့ ဝင်ငွေ) $100,000 အောက်ရှိသူTaxable income must be under $100,000 [Only wages, salaries or unemployment and not more than $1,500 taxable interest income]

v.ဝင်ငွေနည်းသူ Low Income အလုပ်သမားများ အတွက် အစိုးရက ပေးတဲ့ ကြိုတင် ထောက်ပံကြေး ငွေမရှိသူများ – အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Not received advanced earned income credit

Form 1040 A ကို

ယေဘူယျအားဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းမှဝင်ငွေ မရရှိသူများနဲ ့Itemize deductions ကိုယ့်ဘာသာ ဖြတ်တောက် ထုတ်နှုတ်ခွင့်ရှိတဲ့ အသုံးစာရင်း များကို အသုံး မပြုသူများက အသုံးပြုနိုုင်ပါတယ်။

Form 1040 ကို

အထက်မှာ ဖော်ပြခဲ့တဲ့ဖောင် ၂ခုနဲ ့အကြံုးမဝင်သူ များက၊ နောက်ထပ် လိုအပ်ရင် အသုံးပြု ဖြည့်စွက်ရမဲ့ ဖောင့်များနဲ ့အတူ အသုံးပြုနိုုင်တယ်။ Schedule A to itemize deductions ထုတ်နှုတ်ခွင့်ရှိတဲ့ ကုန်ကျမှုများကို ဖြည့်ရမဲ့ဖောင် Schedule B to report dividends/interest income> $1500 ငွေကြေး ဈေးကွက်မှာ၊ ဒါမှမဟုတ် ဘဏ်မှာ ရင်းနှီးမြှတ်နှံရာမှ ရရှိတဲ့ ဝင်ငွေများကို ဖြည့်စွက်ရမဲ့ဖောင် Schedule C to report trade/ business income ကိုယ်ပိုင် စီပွားရေး လုုပ်ငန်းက ရရှိတဲ့ ဝင်ငွေကို ဖြည့်စွက်ရမဲ့ ဖောင် Schedule D to report capital gains/losses ရင်းနှီးမြှတ်နှံမှု အမြတ် အရှုံးကိုုဖြည့်စွက် ရမဲ့ဖောင် Schedule E to report rental/royalty income အိမ်ငှား အခန်းငှား ရာမှာရရှိတဲ့ ဝင်ငွေကို ဖြည့်စွက်ရမဲ့ဖောင် Schedule F to report farm/ranch activities လယ်လုပ်ငန်းနဲ ့ပတ်သက်ပြီး ဝင်ငွေ သုံးစွဲငွေတွေကို ဖြည့်စွက်ရမဲ့ဖောင် ဖြစ်ပါတယ်။

Form 1040 X ကိုတော့

အထက်မှာ ဖော်ပြခဲ့တဲ့ ဖောင်များကို ဖြည့်စွက်ရာမှာ အမှားအယွင်းနဲ့ လိုအပ်ချက် ပြင်ဆင်စရာများ ပါသွားခဲ့ရင်၊ ပြန်လည်ပြင်ဆင်ဖို ့အတွက် အသုံးပြုပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားများ အတွက် အမေရိကား တနှစ်တာ အခွန်အတွက် အထက်ဖော်ပြခဲ့တဲ့ ဖောင်များနဲ့ ဆိုုရင်ပဲ အတော်လေးကို လုံလောက်သွားပါပြီ။ နောက်တဆင့် အနေနဲ့ ထုတ်နှုတ်ခွင့် ရှိတဲ့ကုန်ကျ စရိတ်စာများနဲ ့သတ်မှတ်ပေးထားတဲ့ ငွေပမာဏာကို ပြောပါမယ်။ ပြီးရင် ဖောင်တွေကိုု ကူးယူဖော်ပြ ပေးထားပါတယ်။

Standard Deductions & Exemptions

အထက်မှာ ဖော်ပြခဲ့ပြီးသလိုု Exemptions မှီခိုသူ အရေအတွက် အနည်းအများ အပေါ်မူတည်ပြီး အခွန် ဆောင်ရမှု ၊ အခွန်ငွေ ပြန်လည်ရရှိမှု မတူကြဘူး ဆိုတာသိပြီး ဖြစ်တယ်နော်။ တယောက်နဲ ့တယောက် စာရင်း ထည့်သွင်းပုံခြင်းလည်း မတူကြပါဘူး။ ကိုုယ့်မှာရှိတဲ့ မှီခိုသူ အရေအတွက် အပေါ် အခြေခံပြီး တချို့ နှစ်ကုန်ရင် ငွေများများ ပြန်ရချင်သူများက Exemptions ကို နည်းနည်းပဲ ထည့်ပြီး၊ တချို ့ငွေကို အပတ်စဉ်၊ လစဉ် လက်ငင်းများများ လိုချင်သူတွေ ကတော့ များများထည့် ပါတယ်။

2008 Exemptions

1 Exemptions $3500

2 Exemptions $7000 ထည့်တဲ့ အရေအတွက် အပေါ်မူတည်ပြီး အစိုးရက အခွန်ဖြတ်မှာ ဖြစ်ပြီး အလုပ်သမားတွေက အဲဒီနှုန်းအတိုုင်း အခွန်ငွေ ရစရာရှိရင် ပြန်ရမှာပါ။

2008 Standard Deductions

Single လူလွတ် ……………

………………………………

………………………………

$5450

Married Filing Joint [MFJ] အိမ်ထောင်သည် အခွန်အတူ ဆောင်သူ ………………….

………………………

$10,900

Qualifying widow (er) မုဆိုးဖို၊ မုဆိုးမ ……………………

………………………

………………………

$10,900

Head of Household [HOH] အိမ်ထောင်ဦးစီး………………

………………………

………………………

$8,000

Married Filing Separate [MFS] အိမ်ထောင်သည် အခွန်ခွဲဆောင်သူ ………..

………………………

………………………

$5,450

အပိုင်း ၂ အဆုံးသတ် နောက်အပါတ် ဆက်ရေးပါဦးမယ်။

ကျော်ငြိမ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here