အက်စတိုးနီးယားတွင် ခေါင်းနှစ်လုံးပါသော နွား မွေးဖွား

alt

အက်စတိုးနီးယား နိုင်ငံတွင် ခေါင်းနှစ်လုံးပါသော နွားလေးတကောင် မွေးဖွားခဲ့ကြောင်း သိရှိရသည်။ မြို့တော် တာတူအနီး လယ်မြေ တခုတွင် ထူးဆန်းသော အဆိုပါ သတ္တဝါလေးအား မွေးဖွားခဲ့ခြင်းဟု EER သတင်းဌာန

က ဆိုသည်။

ထိုနွားလေးတွင် မျက်လုံး(၃)လုံး၊ ပါးစပ်(၂)ခုနှင့် နှာခေါင်း(၂)ခု ရှိကြောင်း သိရသည်။ မွေးမြူရေး ခြံရှင်က ယခု သီတင်းပါတ်တွင်း မွေးဖွားလာသည့် နွားလေးအား အမည် မပေးရသေးဟု ဆိုသည်။

ထို့အပြင် နွားလေးသည် ကျန်းမာရေး ကောင်းမွန်နေပြီး မကြာမီ စီးပွားပျက်ကပ် ရပ်ဆိုင်းတော့မည် ဟူသော အတိတ်ကောင်း နိမိတ်ကောင်းကို ဆောင်နေ ကြောင်းလည်း ခြံရှင်က ဆက်လက် ပြောကြားသွားသည်။

ယခင်ကမူ အက်စတိုးနီးယား တွင် ယင်းကဲ့သို့ ခေါင်းနှစ်လုံးဖြင့် မွေးဖွား လာသော တိရစာ္ဆန်မှာ ကြောက်စရာ ကြမ္မာဆိုးများကို ယူလာမည်ဟု ယုံကြည်လေ့ ရှိကြသည်။

မှတ်တမ်းများ အရ ထိုကဲ့သို့ ခေါင်းတလုံးထက် ပိုပါသော တိရစာ္ဆန်များမှာ ကမာ္ဘ့နေရာ အနှံ့အပြားတွင် ကာလ အပိုင်းအခြား မတူညီဘဲ မွေးဖွားလေ့ရှိပြီး ယင်း ရှားပါး ဖြစ်စဉ်မျိုးကို polycephaly ဟု အမည် ပေးထားကြောင်း သိရှိရသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ အမိ ၀မ်းတွင်းတွင် တသီးတခြား ခွဲမသွားဘဲ ပူးကပ် နေသည့် ကိုယ်ချင်းဆက် အမြွှာကဲ့သို့ သန္ဓေလောင်းများမှ ဖွဲ့စည်းပုံ ဖောက်ပြန် သွားခြင်းကြောင့်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here