လစာနည်း အစိုးရ ဝန်ထမ်းများ လစာငွေ တိုးမြှင့်မည်

alt

ဇန္နဝါရီ လကုန်က စလို့ မြန်မာနိုင်ငံ မှ လစာနည်း အစိုးရ ဝန်ထမ်းများ လစာငွေ တိုးမြှင့်မည် ပေးမည် ဖြစ်ကြောင်း အစိုးရနဲ့ နီးစပ်တဲ့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိကြီိး တဦးရဲ့

ပြောဆိုချက်ကို ကိုးကားပြီး အေပီ သတင်းဌာန က ရေးသားဖေါ်ပြ ထားသည်ကို တွေ့ရှိရသည်။

တိုးမြှင့်ပေးမယ့် အစီအစဉ်သစ် အရ လက်ရှိ လစာငွေ ကျပ် ၁သောင်းခွဲ ကနေ ၈ သောင်း အကြား ရရှိနေတဲ့ အရပ်ဖက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို နောက်ထပ် ၂ သောင်း တိုးပေးသွားမှာ ဖြစ်ပြီး၊ လစာငွေ ၁ သိန်းနှင့် အထက် ရရှိသူတွေ ကတော့ ပါဝင်မှာ မဟုတ်ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ အနေနှင့် တရားဝင် သတင်းထုတ်ပြန် ကြေညာခြင်း မပြုသေးသော်လည်း၊ ဌာနဆိုင်ရာနှင့် အခြားရုံးများကိုတော့ တရားဝင် အကြောင်းကြားထားပြီး ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့ အတွက် လစာနည်းပါးသည့် အစိုးရ ဝန်ထမ်းတွေ အကြား မကျေမနပ် ဖြစ်နေတာကို ချွေးသိပ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပြီး၊  ဒီနှစ်မှာ အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အစိုးရဝန်ထမ်းများ ဆီကနေ ထောက်ခံမှု ရရှိအောင် မြန်မာ စစ်အစိုးရက လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်းလဲ သုံးသပ် ပြောဆိုနေကြကြောင်း သိရှိရသည်။

အခုလို လစာတိုးမြှင့် ပေးလိုက်တာကြောင့် မကြာခင် တတ်ကုန်တော့မယ် ကုန်ဈေးနှုန်းများ အတွက် လက်လုပ်လက်စား လူတန်းစားများက စိုးရိမ်ကြောင့်ကြလျှက် ရှိပြီး၊ လစာတိုးမြှင့် ပေးခြင်းထက် ကုန်ဈေးနှုန်း ကျဆင်းရေးကိုသာ အောက်ခြေ လူတန်းစားများက လိုအပ် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here