လူသားစား ငါးမန်း စောင့်ကြည့်စံနစ် ဩစတြေးလျ သုတေသီများ တီထွင်စမ်းသပ်

alt

ဩစတြေးလျ သုတေသီ များသည် ကမ်းခြေ ဒေသများသို့ လူသားစား ငါးမန်းများ ချဉ်းကပ်လာမှုကို သိရှိ ကာကွယ်နိုင်မည့် စံနစ်သစ် တခုအား တီထွင် စမ်းသပ်နေကြောင်း သိရှိ ရသည်။

ဩစတြေးလျတွင် ငါးမန်းဖြူများ၏ တိုက်ခိုက်မှုကြောင့် လူများထိခိုက် သေဆုံးမှု မကြာခဏ ဖြစ်ပေါ်တတ်ရာ ယခု စံနစ်သစ်အရ ငါးမန်းများ ကမ်းခြေသို့ ချဉ်းကပ် လာချိန်တွင် ကမ်းခြေစောင့် လုံခြံုရေး ၀န်ထမ်းများ ထံသို့ လျှပ်စစ် သံလိုက်လှိုင်းများ ပို့လွှတ်ကာ Text Message ဖြင့် အကြောင်းကြား ပေးမည် ဖြစ်သည်။

ကနဦးတွင် ဂြိုဟ်တု Receiver တခုက ငါးမန်းကြီးများ ရေတိမ်ပိုင်းသို့ ချဉ်းကပ် လာကြောင်း ဖမ်းယူသိရှိမည် ဖြစ်ပြီး မိနစ်ပိုင်းအတွင်း သိပ္ပံပညာရှင်များ၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် အသက်ကယ် ၀န်ထမ်းများထံ Message (သို့မဟုတ်) Email ရောက်ရှိမည် ဖြစ်သည်။

ယခု ခြေရာခံ ထောက်လှမ်းမှု စံနစ်အား ပတ်သ်မြို့ အနီးတွင် စတင် စမ်းသပ်လျက်ရှိပြီး ထိုတီထွင်မှုမှာ ငါးမန်းများ ချဉ်းကပ်မှုကို အချိန်နှင့် တပြေးညီ သိရှိစေသည့် ဆန်းကျယ်လှသော တီထွင်မှု တခုဖြစ်ကြောင်း အနောက် ဩစတြေးလျ ငါးလုပ်ငန်းဌာနမှ အကြီးတန်း သိပ္ပံပညာရှင် ရိုရီမက်အော်လေ က ပြောကြားခဲ့သည်။

ပတ်သ်မြို့အနီး အပမ်းဖြေ ဆိပ်ကမ်းများတွင် Satellite Receiver (၂၀)ခန့်ကို ဖေဖော်ဝါရီလတွင် အပြီးဖြန့်ကျက် သွားပြီး ငါးမန်း အန္တရာယ် ထောက်လှမ်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။ ဒေါက်တာမက်အော်လေ က စံနစ်သစ်သည် ငါးမန်းမျိုးစိတ် အတော် များများကို ထောက်လှမ်းနိုင်ကြောင်း၊ ယခုအချိန်ထိ ကမ်းခြေထံ ချဉ်းကပ်လာသော ငါးမန်းအကောင် (၇၀)အကြောင်း သတင်းပို့ နိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် (၁၀)နှစ် အတွင်း ဩစတြေးလျ အနောက်ဖက် ကမ်းခြေတွင် လူ(၃)ဦး ငါးမန်း ကိုက်ခံရသဖြင့် သေဆုံးခဲ့ပြီး (၁၀)ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here