အကာကွယ် ပေးထားသည့် သေနတ်သမား များအား ထုတ်ပေးရန် အမေရိကန်အား ဟာမစ်ကာဇိုင်း တောင်းဆို

alt

အမေရိကန် အစိုးရက အကာကွယ် ပေးထားသည့် သေနတ်သမား များအား ထုတ်ပေးရန် အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း က တောင်းဆို လိုက်သည်။ အမေရိကန်၏ မဟာမိတ် သဖွယ် ရပ်တည်ခဲ့သော ကာဇိုင်း၏

တောင်းဆိုမှုသည် ၎င်း၏ အမေရိကန ်နှင့် ပတ်သက်သော အရဲရင့် အပြတ်သားဆုံး ဆက်ဆံမှုတခု ဖြစ်လာ ခဲ့ပြီး ထို သေနတ်သမား များကြောင့် ကျောင်းသား လေး (၈)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကာဇိုင်းက စွပ်စွဲခဲ့သည်။

နိုင်ငံ၏ အရှေ့ပိုင်းတွင် ညဖက်စီးနင်း တိုက်ခိုက်မှု တခုအတွင်း ကလေးငယ်များ သေဆုံး ခဲ့ရကြောင်း အာဖဂန် အစိုးရ စုံထောက်များနှင့် ကုလသမဂ္ဂ အဖွဲ့တို့က ပြောကြား ထားသော်လည်း အမေရိကန်ကမူ ယင်းတို့၏ တပ်ဖွဲ့များသည် ဦးစွာ ပစ်ခတ်ခြင်း ခံခဲ့ရပြီး ပြန်လည် တုန့်ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သေဆုံးသူများမှာ အကြမ်းဖက် သမားများသာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။

ကာဇိုင်း၏ တောင်းဆိုမှုကြောင့် အာဖဂန် အစိုးရအဖွဲ့နှင့် ၎င်းအား ထောက်ပံ့ထားသည့် စစ်အင်အားကြီး နိုင်ငံတို့ကြား ပြဿနာ အချို့ ရှိနေသည်ကို ထင်သာမြင်သာ ဖြစ်လာ စေကြောင်း လေ့လာသူများက ဆိုသည်။ NATO စစ်မဟာမိတ် အဖွဲ့မှ တာဝန်ရှိသူ အချို့တို့က ကာဇိုင်းသည် ဒီဇင်ဘာ (၃၀)ရက်နေ့ ယင်း ကိစ္စအတွက် အမေရိကန် ဗိုလ်ချုပ်ကြီး စတန်လီ မက်ခရစ်စတယ် နှင့်ပင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ပြောကြား သွားခဲ့သည်။

အာဖဂန် အခြေစိုက် ကုလသမဂ္ဂ ရုံးခွဲမှ အကြီးအကဲ ကိုင်အီဒီ က အမေရိကန်တို့၏ ပစ်ခတ် မှုကြောင့် သေဆုံးသွားသူ များသည် ဒေသခံ ကျောင်းသားလေး များသာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ အနေနှင့် အမေရိကန် တပ်ဖွဲ့များ၏ ညပိုင်း စီးနင်း တိုက်ခိုက်မှု များအတွင်း နောက်ထပ် အရပ်သားများ သေဆုံးမည်ကို စိုးရိမ်လျက် ရှိကြောင်းလည်း အီဒီက ၀န်ခံ ပြောဆိုသွားသည်။

NATO တပ်ဖွဲ့က ယခု ပစ်ခတ်မှုတွင် ပါ၀င်သူများအား အာဖဂန်တရားရုံးတွင် စစ်ဆေးခွင့် ပေးရန် တောင်းဆိုထားကြောင်း အတည်ပြု ထားပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here