ဩစတြေးလျ တောမီး ငြိမ်းသွားပြီ ဖြစ်၍ ဒေသခံများ နေရပ်ပြန်နိုင်

alt

ဩစတြေးလျ နိုင်ငံတွင် လောင်ကျွမ်းခဲ့သည့် တောမီးများ ငြိမ်းသွား ပြီးနောက် ဒေသခံများသည် နေရပ်သို့ ပြန်သွားကြပြီ ဖြစ်သည်။ ပတ်သ်မြို့မှ မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် ဒီဇင်ဘာ (၂၉)နှင့် (၃၀)ရက် နေ့များက လောင်ကျွမ်း

သော တောမီးသည် လယ်ကွက်များ အနီးအထိ ကူးစက် လာပြီးနောက် ဒေသခံ များကို ရွှေ့ပြောင်း ပေးခဲ့ရသည်။

ထိုအရပ်ရှိ တွတ်ဒေးမြို့နယ်တွင် အိမ်ပေါင်း(၃၈)လုံး မီးလောင် ပျက်စီး သွားကြောင်း အာဏာပိုင် များကဆိုသည်။ အသေအပျောက် မရှိသော်လည်း (၄)ဦး ဒဏ်ရာရပြီး အမျိုးသမီး (၁)ဦးမှာ မီးလောင် ဒဏ်ရာများ ပြင်းထန် သောကြောင့် ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း အရေးပေါ် အခြေအနေ ကွပ်ကဲရေးဌာန တာဝန်ရှိသူ အလန်ဂေးက ပြောကြားခဲ့သည်။

တောမီးများ လောင်ကျွမ်း လာပြီးနောက် အနည်းဆုံး လူ(၁၅၀)ကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးခဲ့ရပြီး ရဲများက တောမီး ပျံ့နှံ့ ကူးစက်နိုင်သည့် ဇုန်နယ်မြေ တိုင်းအား လူများဝင်ရောက်ခွင့် ပိတ်ထားလိုက်သည်။ ပြည်ထောင်စု အစိုးရသည် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေး ဌာနသို့ မီးဘေးအတွက် လိုအပ်သော ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ရန် ဆက်သွယ်ထားကြောင်း သိရှိရသည်။

တွတ်ဒေး အနီး လောင်ကျွမ်းသော မီးကြောင့် သိုးမွေးမြူရေး စားကျက်များ၊ ဂျံုစိုက်ခင်း များနှင့် သစ်တောများ ပါ၀င်သော ဧက(၃၃၀၀၀) ပျက်ဆီး သွားကြောင်း သိရသည်။ ဂေးက ယခု တောမီးသည် ဩစတြေးလျ သမိုင်းတွင် အဆိုးဆုံးအဖြစ် စံချိန်တင်ခဲ့သော (၂၀၀၉)ခုနှစ်၊ ဖေဖော်ဝါရီလ ဗစ်တိုးရီးယား တောမီးနောက်ပိုင်း အပျက်အစီး အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုစဉ်က တောမီးကြောင့် လူပေါင်း(၁၇၃)ဦး သေဆုံးပြီး ဗစ်တိုးရီးယားရှိ နေအိမ်ပေါင်း (၂၀၀၀)ကျော်ကို တရက်တည်း ပြာကျပျက်စီး စေခဲ့သည်။ သို့သော်လည်း ဩစတြေးလျ သမိုင်းတွင် အကျယ်ပြန့်ဆုံး ကူးစက် လောင်ကျွမ်းခဲ့သော တောမီးမှာ (၁၉၆၁)ခုနှစ် ကဖြစ်ပြီး အဆောက်အအုံ (၁၆၀)မျှသာ ပျက်စီးခဲ့သော်လည်း ဧက(၈၆၀၀၀၀)ကျော် အထိ မီးကူးစက် လောင်ကျွမ်းခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here