ဆိုဗီယက်ခေတ် နျူကလီးယား ဓာတ်အားပေး စက်ရုံ လစ်သူယေးနီးယား အစိုးရ ပိတ်သိမ်း

alt

ဆိုဗီယက် ခေတ်က ဆောက်လုပ်ခဲ့သည့် နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို လစ်သူယေးနီးယား အစိုးရက လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ဥရောပ ယူနီယံနှင့် ရယူထားသည့် သဘောတူညီချက်

အရ ယခင် ဆိုဗီယက် အစိုးရ ဆောက်လုပ်ထားသည့် နိုင်ငံအရှေ့ပိုင်း ဗစ်ဆာဂီးနက်စ် တွင် တည်ရှိသော အစ်ဂ်နာလီနာ နျူကလီးယား စက်ရုံကို ပိတ်သိမ်း လိုက်ခြင်းကြောင့် တိုင်းပြည်အတွင်း လျှပ်စစ် ဓာတ်အားခ ဈေးနှုန်းများ ပိုမို များပြားလာဖွယ် ရှိနေသလို ရုရှားနိုင်ငံမှ လျှပ်စစ်ဓာတ်အား ကိုလည်း ပိုမိုဝယ်ယူ လာရဖွယ် ရှိနေသည်။

အစ်ဂ်နာလီနာသည် ကမာ္ဘ့သမိုင်းတွင် အမည်းစက် ထင်ခဲ့သည့် နျူကလီးယား ကပ်ဆိုးကြီး ဖြစ်ပွားခဲ့ရာ ချာနိုဘိုင်း ဓာတ်အားပေး စက်ရုံကြီး၏ ဒီဇိုင်းအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ လစ်သူယေးနီးယား အစိုးရသည် နိုင်ငံ စွမ်းအင်ကဏ္ဍ အတွက် (၇၀) ရာခိုင်နှုန်းကျော် ထောက်ပံ့ထားသည့် နျူကလီးယား စက်ရုံကြီးအား ဒေသ စံတော်ချိန်အရ နှစ်သစ်ကူးရန် တနာရီတိတိ အလိုတွင် ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။

လစ်သူယေးနီးယား သည် ဆိုဗီယက်ယူနီယံ လက်အောက်မှ (၁၉၉၁)ခုနှစ်တွင် လွတ်လပ်ရေး ရလာခဲ့ပြီး ဥရောပ ယူနီယံသို့ (၂၀၀၄)တွင် ၀င်ခွင့် ရခဲ့သည်။ ထိုစဉ် ကတည်းက လစ်သူယေးနီးယား အစိုးရက (၂၀၁၀)ခုနှစ်တွင် ယင်းဓာတ်အားပေး စက်ရုံကို ပိတ်ပစ်ရန် ကြိုတင် သဘောတူထားခဲ့ပြီး စက်ရုံတွင် အသုံးပြုထားသည့် ဓာတ်ပေါင်းဖို နှစ်ခုအနက် တခုကိုလည်း (၂၀၀၄)ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ပိတ်ထားခဲ့သည်။

စက်ရုံကို ပိတ်ပစ်ပြီးနောက် နိုင်ငံအတွင်း နေထိုင်သူ (၃.၃)သန်းသည် ဇန်နဝါရီလ (၁)ရက် နေ့မှစကာ ဓာတ်အားခကို (၃၀) ရာခိုင်နှုန်း တိုးမြှင့် ပေးသွင်းရမည် ဖြစ်ကြောင်း အစိုးရက အတည်ပြု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here