အမေရိကန်နှင့် ပဋိပက္ခများ အဆုံးသတ်ရန် ဆန္ဒရှိဟု မြောက်ကိုရီးယား ပြောကြား

alt

မြောက်ကိုရီးယား နိုင်ငံသည် နှစ်သစ် ကူးတွင် ထုတ်ပြန် လိုက်သော ကြေညာချက် တခုအတွင်း အမေရိကန် နှင့် ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ရန် ဆန္ဒ ရှိနေကြောင်း ထည့်သွင်း ဖော်ပြလိုက်သည်။

ထို့အပြင် ကိုရီးယား ကျွန်းဆွယ်အတွင်း နျူကလီးယား ကင်းစင်ရေး ကြိုးပမ်းမှု ကိုလည်း ပါ၀င် ဆောင်ရွက်ဖွယ် ရှိကြောင်း ဖော်ပြထားသည်။

ကွန်မြူနစ်နိုင်ငံ အစိုးရပိုင် KCNA သတင်းစာ၏ ဇန်နဝါရီ (၁)ရက်နေ့ ထုတ်ဝေ မှုတွင် ပြံုယမ်းရှိ အစိုးရခေါင်းဆောင် များသည် ကိုရီးယား ကျွန်းဆွယ်တွင် တည်မြဲသော ငြိမ်းချမ်းရေးကို အလိုရှိနေကြောင်း ဖော်ပြထားသည်။ မြောက် ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် ဧပြီလက နျူကလီးယား ထိန်းချုပ်ရေး (၆) ပါတီ ဆွေးနွေးပွဲမှ ကျောခိုင်း ထွက်ခွာခဲ့သော်လည်း အမေရိကန် အစိုးရက ဆွေးနွေးပွဲသို့ ဆက်လက် ပါ၀င်ရန် အစဉ်တစိုက် တိုက်တွန်းခဲ့သည်။

ကိုရီးယား ကျွန်းဆွယ်နှင့် အခြားအာရှ နိုင်ငံများ အားလုံး၏ ငြိမ်းချမ်းရေးကို အာမခံချက် ပေးနိုင်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ အမေရိကန်နှင့် ရန်လိုသော ဆက်ဆံမှုကို အဆုံးသတ်ရန် သာဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရ၏ အာဘော်ကို သတင်းစာတွင် ဖော်ပြထားသည်။

မှတ်တမ်းများ အရ မြောက်ကိုရီးယားသည် (၁၉၅၀-၅၃) ကိုရီးယား ပြည်တွင်းစစ် နောက်ပိုင်း ယင်းကဲ့သို့ ငြိမ်းချမ်းရေး စကားများ မကြာခဏ ပြောကြားရင်း အမေရိကန်ကို ခြိမ်းခြောက်လာသည့် နျူကလီးယား စီမံကိန်းကို အစဉ်တစိုက် ကြိုးပမ်းဖော်ထုတ် လာခဲ့သည်။

သတင်းစာ အတွင်း မြောက်ကိုရီးယား အစိုးရ အနေနှင့် တောင်ကိုရီးယား နိုင်ငံနှင့်ပါ ဆက်ဆံရေး တိုးမြှင့်သွားရန် လိုလားကြောင်းလည်း ထုတ်ဖော် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here