ဒုတိယ အကြိမ်မြောက် မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည်

alt

ဒုတိယ အကြိမ်မြောက် မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကို မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂ္ဂင်း အရည်အသွေး တိုးတက် ခြင်းနှင့်

မြန်မာ ဘလော့ဂ်လောက ပိုမို ဖွ့ံဖြိုးရေးအတွက် ကြိုးပမ်းမှု တရပ်အား အသိမှတ်ပြုသော အနေဖြင့် ၂၀၁၀ ခုနှစ် နှစ်ကူး ကာလတွင် အင်တာနက် ပေါ်မှတဆင့် အွန်လိုင်း မဲပေးစံနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှုများကို ကမကထပြု ပံ့ပိုးပေးခြင်းခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစု ၏ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များအရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2009 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ ” မြန်မာ သတင်းသမဂ္ဂ ” ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2009 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

  • အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
  • အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု
  • အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု
  • အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု
  • အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေ ဘလော့ဂ်ဆု
  • အကောင်းဆုံး လူမှုဘဝ သရုပ်ဖော်နှင့် ဘာသာပြန် ရသစာပေ ဘလော့ဂ်ဆု
  • အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ရ ဆုအထိ ပါဝင်ပြီး၊ ဘလော့ဂ် ပိုင်ရှင်များကိုယ်တိုင် မိမိဝင်ရောက်လိုသည့် ဘလော့ဂ် အမျိုးအစားများ အလိုက် ဝင်ရောက် စာရင်းသွင်းရန် လိုအပ်မည် ဖြစ်ကာ၊ အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ် တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2009 မှ အစီစဉ် ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေး ရွေးချယ်မှုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်မည် ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ မြန်မာ စံတော်ချိန်ည (၁၂ း ၀၀) တိတိတွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂ း ၀၀) တိတိတွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည်ဟု သိရှိသည်။

ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အတွက် ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပ ပေးသွားမည် ဖြစ်ပြီး၊ ဘလော့ဂ်ဆု ရရှိသူများအတွက် နေထိုင် စားသောက်စရိတ် အတွက် MBAA 2009 အစီအစဉ်မှ တာဝန်ယူ သွားမည်ဖြစ်ကာ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းမှ ဆုရှင်များအတွက် ခရီးစရိတ်ပါ ထပ်မံကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ်ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကာ၊ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှု့နိုင်ကြပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here