၂၀၀၉ ခုနှစ်တွင် U2အဖွဲ့ ဖျော်ဖြေပွဲဝင်ငွေ အများဆုံးရရှိ

alt

ပြီးခဲ့သည့် နှစ်အတွင်း ဖျော်ဖြေပွဲများမှ ၀င်ငွေအများဆုံး ရရှိသော အဆိုတော် စာရင်းတွင် U2 အဖွဲ့က နံပါတ်(၁) ချိတ်နေကြောင်း သိရှိရသည်။ မြောက် အမေရိကတိုက် တဝှမ်း ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သော ၎င်းဂီတ အဖွဲ့သည်

ဒေါ်လာ (၁၂၃)သန်း အထိ ရရှိကာ ထိပ်ဆုံးနေရာမှ ရပ်တည် နေခဲ့သည်။

အဆိုပါ အိုင်းရစ် ဂီတအဖွဲ့သည် တနှစ်အတွင်း မြို့ကြီး (၁၆)ခုသို့ လှည့်လည် ဖျော်ဖြေခဲ့ရာ လက်မှတ် အစောင်ရေ (၁.၃)သန်းကျော် ရောင်းချခဲ့ရပြီး၊ ထို့အပြင် တညတာ ဖျော်ဖြေမှုအတွက် လာရောက် ကြည့်ရှုသည့် ပျမ်းမျှ ပရိသတ် အရေအတွက်သည် (၈၂၀၀၀) ၀န်းကျင် ရှိသည်အထိ အောင်မြင်မှု များ ရရှိခဲ့သည်။

U2 သည် (၂၀၀၈) ခုနှစ်ကလည်း ဖျော်ဖြေပွဲ ခရီးစဉ်များမှ ဒေါ်လာ သန်း(၁၀၀) ရရှိခဲ့ပြီး Bruce Springsteen and the E Street အဖွဲ့က စုစုပေါင်း ၀င်ငွေ (၉၅)သန်းကို ဖျော်ဖြေပွဲ (၅၈)ခုမှ ပထမနေရာ ရရှိခဲ့ပြီး U2 နောက် ဒုတိယ ချိတ်ခဲ့သည်။

ယင်း အဖွဲ့သည်  လက်မှတ် အစောင်ရေ တသန်းမျှ ရောင်းချနိုင်ခဲ့ကာ အယ်တန်ဂျွန် နှင့် ဘီလီဂျိုးတို့က (၃၁)ပွဲအတွက် (၈၈)သန်းဖြင့် တတိယ ချိတ်နေခဲ့၏။ ဘရစ်တနီ စပီးယား၏ Circus ကမူ နံပါတ်(၄)တွင် ဒေါ်လာ (၈၃)သန်းဖြင့် ရပ်တည်နေသည်။

AC/DC အဖွဲ့ ကမူ (၄၇)ပွဲတွင် ဒေါ်လာ(၇၈)သန်း ရရှိပြီး ထိပ်ဆုံး(၅)နေရာ စာရင်းဝင်ခဲ့သည်။ အမေရိကန် ဆယ်ကျော်သက် လူငယ်အဖွဲ့ Jonas Brothers ကမူ သတ္တမနေရာ အထိ ရောက်လာပြီး၊ Billboard စတူဒီယိုမှ ပြုစုသော စာရင်းအရ ကမာ္ဘလှည့် ဖျော်ဖြေပွဲများ၏ ၀င်ငွေသည် ဒေါ်လာ(၄.၄)ဘီလျံအထိ မြင့်မားလာပြီး (၂၀၀၈)ခုနှစ် ကထက် (၁၂)ရာခိုင်နှုန်း တိုးပွားလာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here