ကျန်းမာရေး ရှုထောင့်အရ ဗော့ကာအရက် ရုရှား ဈေးနှုန်းသတ်မှတ်

alt

ရုရှား နိုင်ငံသည် ပြည်တွင်းဖြစ် ဗော့ကာ အရက်များ ရောင်းချမှု အတွက် အနိမ့်ဆုံး ထားရှိရမည့် ဈေးနှုန်းအား တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ နှစ်သစ်ကူး ကာလမှ စတင်ကာ ရုရှား နိုင်ငံထုတ် ဗော့ကာ အရက်များ

အနက် အသေးဆုံး အချိုးအစား ဖြစ်သည့် လီတာဝက် တပုလင်းကို အနိမ့်ဆုံး (၈၉) ရူဘယ်ဖြင့် ရောင်းချရမည်ဟု အစိုးရက ကြေညာခဲ့သည်။

ယင်းသည် နိုင်ငံအတွင်း အရက်သေစာ သောက်စားမှု မြင့်တက် လာခြင်းအပေါ် တုန့်ပြန် တားဆီးရန် သမ္မတ ဒီမီထရီ မက်ဗီဒက်၏ ကျန်းမာရေး ရှုထောင့်အရ ကြိုးပမ်းမှုများ အနက် တစ်ခုလည်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ တလပျမ်းမျှ ၀င်ငွေမှာ လူတဦး အတွက် ရူဘယ် (၁၈၀၀၀)မျှ ဖြစ်ပြီး တရားမဝင် အရက်ချက် လုပ်ငန်းများကြောင့် ဗော့ကာအရက် တလီတာလျင် ရူဘယ်(၄၀) မျှဖြင့် အလွယ်တကူ ၀ယ်ယူ နိုင်ခဲ့သည်။ စစ်တမ်းများ အရ ရုရှားရှိ ပျိုပျိုအိုအို ပုံမှန် အရက်သောက်သူ တဦးသည် ပျမ်းမျှအားဖြင့် တနှစ်လျင် (၃၄)ပုလင်း အနည်းဆုံး သောက်လေ့ရှိကြောင်း သိရှိရသည်။

သမ္မတ မက်ဗီဒက်သည် ယခုကဲ့သို့ ရောင်းဈေးတိုးမြှင့် သတ်မှတ် လိုက်ခြင်းကြောင့် (၂၀၁၂)ခုနှစ်တွင် နိုင်ငံအတွင်း အရက်သောက်သူ ဦးရေ (၄)ပုံ(၁)ပုံမျှ လျော့ကျသွားရန် ခန့်မှန်း ထားသည်။ ရုရှားနိုင်ငံတွင် အိမ်တွင်းချက် အရက်များသည် အလွန် အန္တရာယ်များ လေ့ရှိပြီး နှစ်စဉ်နိုင်ငံ၏ လူဦးရေ (၃၅၀၀၀)ခန့်သည် ယင်း ချက်အရက် များကြောင့် အဆိပ်သင့် သေဆုံးလေ့ ရှိသည်။

ယခင် ဆိုဗီယက် ယူနီယံ ခေတ်ကလည်း မစ်ခေးဂိုဗာချော့သည် နိုင်ငံအတွင်း အရက်သောက်မှုကို ကန့်သတ်ရန် ကြိုးပမ်းခဲ့သေးရာ ထိုစဉ်က ရုရှားရှိ အရက် ကြိုက်သူများသည် ရေမွှေး နှင့် အရက်ပြန်များကို အစားထိုး သောက်ကြသဖြင့် နာမကျန်းမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် ယင်း အကြံအစည်ကို လက်လျော့ ခဲ့ရဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here