ဘရာဇီး လက်ရွေးစင် ရော်နယ်ဒို ဆယ်စုနှစ် အကောင်းဆုံး ဘောလုံးသမားအဖြစ် အရွေးခံရ

alt

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဟောင်း ရော်နယ်ဒိုသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အကောင်းဆုံး ဘောလုံး သမားအဖြစ် မဲပေးရွေးချယ် ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ကမာ္ဘကျော် ဘောလုံးဝဘ်ဆိုဒ် Goal သည် ဆယ်စုနှစ်အတွင်း အကောင်းဆုံး ကစားခဲ့သည့် နေရာအလိုက် ကစား သမား (၉)ဦးကို ပရိသတ်များထံမှ ဆန္ဒမဲ ကောက်ခံခဲ့ရာ ပြင်သစ် ကွင်းလယ်လူ ဇင်နီဒင်းဇီဒိန်း သည် ရော်နယ်ဒို အား အကောင်းဆုံး ဖိအား ပေးနိုင်ခဲ့ပြီးမှ ဒုတိယ မဲအများဆုံး ဖြင့်သာ ကျေနပ် လိုက်ရသည်။

တတိယ အဖြစ် လက်ရှိ ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနားသား လီယွန်နက်မက်ဆီ က ရရှိခဲ့သည်။ Goal ၏ နေရာ အလိုက် ဆယ်စုနှစ် အတွက် အကောင်း ဆုံး ဘောလုံးသမားများ အဖြစ် ဂီယန် လူဂီဘတ်ဖွန် (ဂိုး)၊ ဆမ်မီဟစ်ပီယာ (ဗဟိုနောက်ခံ)၊ ကာဖူး (ညာနောက်ခံ)၊ ရော်ဘတ်တို ကားလို့စ် (ဘယ်နောက်ခံ)၊ ကလောက်မက်ခေ လေလေ (ကွင်းလယ်အဖျက်)၊ ဇင်နီဒင်းဇီဒိန်း (ကွင်းလယ်တိုက်စစ်)၊ ဇာဗီဟာနန်ဒက် (ကွင်းလယ်ဗဟို)၊ လီယွန်နယ် မက်ဆီ (နောက်ချန် တိုက်စစ်) နှင့် ရော်နယ်ဒို (ဗဟိုတိုက်စစ်)တို့ ဖြစ်ကြသည်။

ကစားသမားများ အနက် အတော်များများသည် နိုင်ငံလက်ရွေးစင် အဆင့်မှ အနားယူ သွားခဲ့ပြီး ဘောလုံးသမား ဘဝကိုလည်း အတော်များများ ကျောခိုင်း သွားကြပြီ ဖြစ်သည်။ ၎င်းတို့အနက် မက်ဆီသည် အသက်အငယ်ဆုံး ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူးသည် (၂၂)နှစ်သာ ရှိသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here