နိုက်ဂျီးရီးယား တိုက်ပွဲအတွင်း ကလေးငယ် အများဆုံး သေဆုံးခဲ့ရ

alt

နိုက်ဂျီးရီးယား စစ်တပ်နှင့် ခွဲထွက်ရေး မွတ်ဆလင် ပြောက်ကျားများ အပြန် အလှန် တိုက်ခိုက်မှု အတွင်း သေဆုံး သွားသူများ အနက် အများစုသည် ကလေးများသာ ဖြစ်ကြောင်း ကမာ္ဘ့ ကြက်ခြေနီ တပ်ဖွဲ့က ပြောကြားခဲ့သည်။

ကာလာကာတို သူပုန်အဖွဲ့နှင့် စစ်တပ်သည် ဒီဇင်ဘာ (၂၈)ရက် နေ့က စစ်ပွဲများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၃၉)ဦး သေဆုံးပြီး (၆၀) ရာခိုင်နှုန်းသည် အသက် (၉)နှစ်မှ (၁၅)နှစ် အကြား ကျောင်းသားလေးများ ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးဌာန တာဝန်ခံ အဒါမူ အဘူဘာကာ ကလည်း BBC သတင်းဌာန သို့ အတည်ပြု ပြောကြားခဲ့သည်။

ဒေသခံ စစ်ဖက် တာဝန်ရှိသူများက သူပုန်တို့သည် ကျောင်းကားများကို ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင့် ကလေးများ သေဆုံးခဲ့ရကြောင်း စွပ်စွဲထားသည်။ ဘူချီတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး စစ်တပ်သည် ကာလာကာတို သူပုန် အယောက် (၂၀)ကို လက်ရဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုက်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသသည် စစ်တပ်နှင့် ခွဲထွက်ရေး သူပုန်များ မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ဘေးသင့် နေရာ တခုဖြစ်သည်။ ထိုဒေသတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ များက ဆိုသည်။

ကာလာကာတို အဖွဲ့သည် ဒေသခံ ပြည်သူများအား ၎င်းတို့၏ လုပ်ငန်းများ အတွက် ကူညီ ဆောင်ရွက်ပေးခြင်း မရှိပါက အသက်ဘေးကို ခြိမ်းခြောက်လေ့ ရှိကြောင်း ကြက်ခြေနီ တပ်ဖွဲ့များက ဆိုသည်။ အစိုးရ ကမူ တိုက်ပွဲများ အတွင်း လူ(၃၂)ဦး သေဆုံးကြောင်းနှင့် အများစုမှာ ကလေးငယ်များ ဖြစ်ကြောင်း BBCသို့ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here