နှစ်သစ်ကူး ကာလ လမ်းများပေါ်သို့ အိမ်မွေး တိရိစာ္ဆန်များ ခေါ်မသွားရန် သတိပေး

alt

နှစ်သစ်ကူး ကာလတွင် လမ်းမများပေါ်သို့ အိမ်မွေး တိရစာ္ဆန်များ ခေါ် မသွားရန်နှင့် ခေါ် သွားပါကလည်း နှစ်သစ်ကူးကို ကြိုဆိုသည့် အနေနှင့် ဗြောက်အိုးများ ဖောက်နေသည့် အနီး မချဉ်းကပ်ကြရန်

အင်တာနက် ၀ဘ်ဆိုဒ် တခုက လမ်းညွှန် သတိပေး ဖော်ပြခဲ့သည်။

ထိုသို့ ဗြောက်အိုးများ ဖောက်သဖြင့် အိမ်မွေး တိရစာ္ဆန်များ ပျောက်ဆုံးမှုသည် တနှစ်တာတွင် အများဆုံး ကြံုရသည့် ကာလဖြစ်ကြောင်း ဘူဂေးရီးယား၊ တိရစာ္ဆန် ရှာဖွေမှု ကူညီရေး ၀ဘ်ဆိုဒ်ဖြစ်သည့် www.bezdom.info က ဖော်ပြခဲ့သည်။

ယင်း ၀ဘ်ဆိုဒ်သည် ပျောက်ဆုံးသွားသော အိမ်မွေး တိရစာ္ဆန်များကို လိုက်လံ ရှာဖွေကာ ပိုင်ရှင်များနှင့် တွေ့ဆုံနိုင်ရန် ကူညီဝန်ဆောင် ပေးလျှက်ရှိသည်။ ထို ၀ဘ်ဆိုဒ်က နှစ်သစ်ကူး ကာလများတွင် တိရစာ္ဆန်များ ပျောက်ဆုံးသဖြင့် ဆက်သွယ် လာသူတိုင်းမှာ အကြောင်းရင်း တခုသာ ရှိသည်ကို တွေ့ရကြောင်း၊ ယင်းမှာ ဆူညံစွာ ဖောက်ခွဲလိုက်သည့် ဗြောက်အိုးသံကို ထိတ်လန့် တကြားဖြင့် ထွက်ပြေး ကြခြင်းသာ ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

ထို့ကြောင့် နှစ်သစ်ကူးတွင် ညဖက် ရောက်သည်နှင့် တိရစာ္ဆန် များအား အိမ်ပြင် မထုတ်သင့်ကြောင်းလည်း ၀ဘ်ဆိုဒ်က ညွှန်ပြထားသည်။ ထို့အပြင် မတော်တဆ မိမိ၏ အိမ်မွေး တိရစာ္ဆန် ပျောက်သွား ပါကလည်း ပျောက် သွားသည့် နေရာမှ မခွာသင့်ကြောင်း၊ အများအားဖြင့် ရုတ်တရက် ထွက်ပြေး သွားသော တိရစာ္ဆန်လေး များသည် သခင်ကို ရှာဖွေရန် မူလနေရာ သို့သာ ပြန်လာတတ်ကြောင်း ၀ဘ်ဆိုဒ်က အကြံပြု ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here