မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ပိုမို ရင်းနှီးမြုပ်နှံ သွားရန် စီစဉ်နေ

alt

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်း ရှင်များသည် နိုင်ငံအတွင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း များတွင် နှစ်သစ် ကာလမှ စ၍ ပိုမို ရင်းနှီးမြှုပ်နှံ

သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း စစ်အစိုးရ အုပ်ချုပ်ရာ နိုင်ငံအတွင်းသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု လျော့ကျလာခဲ့ သော်လည်း (၂၀၀၉) ခုနှစ်တွင် အရေအတွက် ပြန်လည် မြင့်တက် လာခဲ့သည်ဟု ဆိုသည်။

(၂၀၀၇) နှင့် (၂၀၀၈)ခုနှစ် များအတွင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု အလွန်လျော့နည်း သွားသော်လည်း (၂၀၀၉)တွင် တစထက်တစ ပြန်လည် အခြေအနေ ကောင်းလာကြောင်း ဟိုတယ် လုပ်ငန်းရှင် များက ဆိုသည်။

၎င်းတို့သည် (၂၀၁၀)တွင် ခရီးသည် အရေအတွက် ပိုမို များပြားလာရန် မျှော်လင့်ထားကြပြီး၊ ပြီးခဲ့သည့်နှစ် အချို့ လများအတွင်း ရန်ကုန်သို့ ကမ္ဘာလှည့်ခရီးသည် (၇၀၀၀) အထိ ၀င်ရောက် ခဲ့ကြသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက (၂၀၀၉-၁၀)ခုနှစ် ဘဏ္ဍရေးနှစ် ပထမ နှစ်ဝက်အတွင်း ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေဆိပ်သို့ နိုင်ငံခြားသား (၂၀၀၀၀)ကျော် ၀င်ရောက်ခဲ့ကြောင်း ဖွင်းဟ ပြောဆိုဖူးသည်။

မြန်မာနိုင်ငံသို့ လာရောက်သူ အများစုသည် အာရှတိုက်၊ မြောက်အမေရိက နှင့် အရှေ့ဥရောပ နိုင်ငံများမှ ဖြစ်သည်ဟု ဆိုကာ (၂၀၀၈)ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက် တိုက်ခတ်ခဲ့ရာ ခရီးသည် ၀င်ရောက်မှု ကျဆင်း သွားခဲ့သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည် အရှိန်ရလာပြီ ဖြစ်သည်။

မြန်မာ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် (၂၀၀၉-၁၀)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာလှည့်ခရီးသည် (၁)သန်း အထိ ရောက်ရှိ လာရေး စီမံကိန်း ရေးဆွဲထားပြီး Promotion လုပ်ငန်း အမျိုးမျိုးကိုလည်း စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here