Apple Tablet ရောင်းအား တနှစ်အတွင်း ၁၀သန်းခန့် ရှိမည်ဟုဆို

alt

Apple ကုမ္ပဏီအနေနှင့် ၎င်းတို့၏ ထုတ်ကုန်သစ် ဖြစ်လာမည့် Tablet ကွန်ပြူတာများ စတင် ရောင်းချသည့် ပထမနှစ် အတွင်းမှာပင် ယူနစ် (၁၀)သန်းခန့် ရောင်းချရမည်ဟု Google ၏ အမှုဆောင်ဟောင်း လီကိုင်ဖူ

က သုံးသပ်ခဲ့သည်။

Apple Tablet များအား ဇန်နဝါရီလ အတွင်း Apple ၏ CEO စတိဂျော့ဘ် က တရားဝင် ထုတ်ဖော်ပြသ သွားမည်ဖြစ်ပြီး ရောင်းဈေးမှာ ဒေါ်လာ (၁၀၀၀)အောက် လျော့နည်းဖွယ် ရှိကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအရ Tablet သည် မျက်နှာပြင် (၁၀.၁)လက်မ အကျယ်ရှိ Multi-Touchscreen ပါရှိပြီး 3D ဖန်တီးမှုများကို အကောင်းဆုံး Display ပြုလုပ်နိုင်ကာ iPhone အကြီးစားသဖွယ် ဖြစ်နိုင်ကြောင်း Apple ၏ Blog တခုတွင် ဖော်ပြထားသည်။

Google ၏ တရုတ် နိုင်ငံဆိုင်ရာ ဌာနခွဲ ဥက္ကဌအဖြစ် ဆောင်ရွက်ဖူးသူ လီက Touchscreen နည်းပညာကို အပြည့်အဝ အသုံးချနိုင်သည့် Laptop ကွန်ပျူတာများ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နိုင်သော ကုမ္ပဏီ များများစားစား မရှိနိုင်ကြောင်း၊ Apple ကမူ ထိုနည်းပညာနှင့် အလွန် အကျွမ်းတဝင် ရှိသဖြင့် Apple Tablet အား လူအများ အလွန်နှစ်သက်ပြီး ၀ယ်လိုအား မြင့်လိမ့်မည် ဖြစ်ကြောင်း၊ Tablet ကွန်ပျူတာ ၀ယ်လိုအားသည် (၂၀၁၀)ခုနှစ် ကုန်ဆုံးချိန်တွင် (၁၀)သန်းမျှ ရှိလာနိုင်ကြောင်း လီက ခန့်မှန်း ထားလိုက်သည်။

Apple ၏ Tablet ကွန်ပြူတာသည် အီလက်ထရောနစ် Reader လောကတွင် နာမည်ရလာသည့် Amazon ၏ Kindle အတွက် အဓိက ပြိုင်ဘက်ကြီး ဖြစ်လာ နိုင်သည်ဟုလည်း လီက ဆိုသည်။ Apple သည် နှစ်သစ်ကူး ကာလ ရှယ်ယာ ဈေးကွက်တွင် (၉၁)ဆင့် ဈေးကျပြီး (၂၁၀.၇၃)ဒေါ်လာ ပေါက်ဈေးရှိသော်လည်း တနှစ်အတွင်း ရှယ်ယာတန်ဖိုးမှာ (၂၁၁.၆၄) ဒေါ်လာ အထိ နှစ်ဆ တက်လာအောင် အကြီးအကျယ် အောင်မြင်မှုများ ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here