ယီမင် နိုင်ငံအတွင်း အယ်ကိုင်းဒါး အဖွဲ့ဝင် အများအပြား ရှိနိုင်ဟုဆို

alt

နိုင်ငံအတွင်း ရာနှင့်ချီ များပြားသည့် အယ်ကိုင်းဒါး အဖွဲ့ဝင်များ ရှိနေ နိုင်သေးကြောင်း နှင့် အမေရိကန် Delta လေကြောင်းလိုင်းပိုင် လေယာဉ် အား ဒက်ထရွိုက်တွင် ဖောက်ခွဲရန် ကြိုးပမ်း မှုမျိုး ထပ်မံ ဖြစ်ပေါ်လာနိုင်

သေးကြောင်း ယီမင် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြား လိုက်သည်။

နိုင်ငံခြားရေး ၀န်ကြီး အဘူဘာကာ အယ်ကွာဘီ က အမေရိကန် နှင့် အနောက်အုပ်စု နိုင်ငံများအား နိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများအား တားဆီးနိုင်ရန် ယီမင် ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ရေး လေ့ကျင့်မှုများ အဆင့်မြှင့်တင် ကူညီ ပြုလုပ်ပေးရန် တောင်းဆို လိုက်သည်။

ယီမင်တွင် အခြေစိုက် လှုပ်ရှားနေသော အယ်ကိုင်းဒါး တပ်ဖွဲ့များသည် အကြီးမားဆုံး ခြိမ်းခြောက်မှု တခု ဖြစ်လာပြီး ဖြိုခွဲရန် ဖျက်ဆီးကြောင်း ၀န်ကြီးက ၀န်ခံခဲ့သည်။ အကြမ်းဖက် သမား (၂၀၀)၊ (၃၀၀)ခန့် နိုင်ငံအတွင်း ခိုအောင်း နေနိုင်ကြောင်း၊ မည်၍ မည်မျှအထိ ရှိနေမည်ကို မိမိတို့ မခန့်မှန်းနိုင်ကြောင်း အယ်ကွာဘီက ဆိုသည်။

Delta လေကြောင်းလိုင်းပိုင် လေယာဉ်အား ဖောက်ခွဲရန် ကြံစည်ခဲ့သည့် အသက် (၂၃)နှစ်အရွယ် အူမာဖာရွတ် အဗ္ဗဒူ မူတာလဘ် က မိမိသည် ဖောက်ခွဲရေးနှင့် အကြမ်းဖက် လုပ်ငန်းများအား ယီမင်တွင် သင်ကြားလာကြောင်း အမေရိကန် ထောက်လှမ်းရေးထံ ထွက်ဆို ခဲ့ပြီးနောက် ယီမင်တွင် အခြေစိုက်သည့် အယ်ကိုင်းဒါး တို့အား အမေရိကန်က အာရုံစိုက် လာခဲ့သည်။

အယ်ကွာဘီ က BBC နှင့် အင်တာဗျူးတွင် Delta လေကြောင်းလိုင်း ဖောက်ခွဲရေး ကြံစည်မှုမျိုး ပြုလုပ်မည့် အဖျက်သမားများ မိမိတို့ နိုင်ငံအတွင်းမှ ထပ်မံ ထွက်ပေါ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ဒီဇင်ဘာ (၂၈)ရက် နေ့က ယီမင်တွင် အခြေစိုက်ပြီး အာရပ် ရေလက်ကြားတွင် လှုပ်ရှားနေသည့် အယ်ကိုင်းဒါး နှင့် ဆက်စပ် အဖွဲ့တခုက ခရစ္စမတ်နေ့ လေယာဉ် ဖောက်ခွဲရေး စီမံကိန်းကို မိမိတို့ ကြိုးကိုင် ဆောင်ရွက်ခဲ့ကြောင်း ကြေညာသွားခဲ့သည်။

အယ်ကွာဘီ က အကြမ်းဖက် သမားများအား တုန့်ပြန် နှိမ်နင်းရေးအတွက် စစ်တပ်တွင် အခက်အခဲ များစွာ ရှိနေကြောင်း၊ သယ်ယူ ပို့ဆောင်ရေး၊ စစ်သုံး ပစ္စည်းများနှင့် ရဟတ်ယာဉ်များကို အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျှက် ရှိကြောင်းလည်း BBC သို့ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here