ဗြိတိန်အလံ လွှင့်ထူထားသည့် သင်္ဘောတစင်းအား ဆိုမာလီယာ ပင်လယ်ဓားပြများ ပြန်ပေးဆွဲ

alt

အတင့် ရဲသည်ထက် ရဲလာကြသော ဆိုမာလီယာ ပင်လယ်ဓားပြ များသည် လုံခြံုစိတ်ချ ရသည်ဟု သတ်မှတ်ထား သည့် ရေပြင်မှ သင်္ဘောတစင်း အား ပြန်ပေး ဆွဲသွားကြောင်း သိရှိရသည်။

ဗြိတိန်အလံ လွှင့်ထူထားသော ဓာတု ပစ္စည်းများ တင်ဆောင် လာသည့် သင်္ဘော တစင်းသည် ဒီဇင်ဘာ (၂၈)ရက် နေ့က ပြန်ပေးဆွဲ ခံခဲ့ရပြီး ထိုသင်္ဘောကို ပြန်ပေး ဆွဲသွားသူများသည် အောက်တိုဘာလ အတွင်းက ဗြိတိသျှ စုံတွဲ ပေါချန်ဒလာ နှင့် ရေချယ်ချန်ဒလာ တို့အား ဖမ်းဆီးသွားသည့် ပင်လယ်ဓားပြ အဖွဲ့ပင် ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

MV စိန့်ဂျိမ်းပတ်ခ် အမည်ရှိ တန်ချိန်(၁၄၀၀၀)ဆန့် သင်္ဘောကြီးသည် နိုင်ငံတကာ ရေကြောင်း တပ်ဖွဲ့များ၏ အကာအကွယ် ပေးထားရာ ရေကြောင်းပိုင်နက်မှ အေဒင် ပင်လယ်ကို ဖြတ်ကျော် ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။ ပင်လယ်ဓားပြ ခေါင်းဆောင် မိုဟာမက်ရှာကာ က မိမိတို့သည် ဗြိတိန် သင်္ဘော တစင်းအား ပြန်ပေး ဆွဲလိုက်ပြီ ဖြစ်ကြောင်း Times သတင်းစာသို့ ဖုန်းဆက် အသိပေးခဲ့သည်။

၎င်းသည် ချန်ဒလာ စုံတွဲ လွတ်မြောက်ရေးအတွက် ပေါင်စတာလင် (၄.၅)သန်း ပေးရန် ဗြိတိသျှ အစိုးရအား ပြန်ပေးငွေ တောင်းခံခဲ့သူလည်း ဖြစ်သည်။ ဆိုမာလီယာ နိုင်ငံသည် ပင်လယ်ဓားပြများ ခိုအောင်း ကျက်စားနေဆဲ နိုင်ငံတခုဖြစ်ပြီး ယင်းဓါးပြများက နိုင်ငံတကာ ရေကြောင်း သွားလာမှုကို ကြီးကြီးမားမား ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

ထိုဒေသရှိ သင်္ဘောများသည် ရေတပ် အစောင့်အရှောက် မပါဘဲ ထိုဒေသကို ဖြတ်သန်းရေးမှာ အလွန် အန္တရာယ်များသည့် အခြေအနေလည်း ဖြစ်နေရပြီ ဖြစ်သည်။ သို့သော်လည်း အေဒင်ပင်လယ် ဖြတ်သန်းရေး အတွက် နိုင်ငံတကာ ရေတပ် သင်္ဘောများက အကူအညီ ပေးနိုင်မှုသည် တနှစ်အတွက် အစင်း(၂၀၀၀၀) ၀န်းကျင်သာ ရှိနိုင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here