ပြည့်တန်ဆာ အဖွဲ့ထဲမှ မြန်မာအမျိုးသမီး အယူခံ မလေးရှား တရားရုံး ပယ်ချ

alt

ပြည့်တန်ဆာ အဖွဲ့ အစည်းတခုတွင် ပါ၀င် ပတ်သက်နေသော မြန်မာ အမျိုး သမီး တဦး ထောင်မှ လွတ်မြောက်ခွင့် အယူခံအား မလေးရှား တရားရုံးက ပယ်ချ လိုက်ကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၂)ရက် နေ့က ထောင်ဒဏ်(၂)နှစ် ကျခံရန် အမိန့်ချမှတ် ခံထားရသည့် ရာဟီမာ သည် သူမ၏ ပြစ်ဒဏ်မှာ မှားယွင်း၍ ဖမ်းဆီးခြင်း ခံရကြောင်း အယူခံလွှာ တင်သွင်းခဲ့သော်လည်း ပယ်ချ လိုက်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

တရားရေး ကော်မရှင်နာ ဇိုင်နယ် အက်ဇမန် အယ်အဇစ် က ဒီဇင်ဘာ (၃၀)ရက် နေ့တွင် ယမန်နှစ်က ချမှတ်ခဲ့သော ရာဟီမာ၏ ပြစ်ဒဏ်မှာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ရာဟီမာ နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် များသည် ပြည့်တန်ဆာ လုပ်ငန်းကို အတင်းအကြပ် လုပ်ကိုင်စေရန် အမျိုးသမီး များအား ဓာတ်လိုက်အောင် ပြုလုပ် ခြိမ်းခြောက်မှုများပင် ရှိခဲ့ကြောင်း ဆိုသည်။ ဇိုင်နယ်အက်ဇမန် က ဒု-ပြည်ထဲရေး ၀န်ကြီး ဒါတွတ်ဝမ် အာမက်ဖာရစ် ၀မ်ဆလာ က ရာဟီမာ၏ မှတ်တမ်း အချက်အလက်များကို အသေးစိတ် လေ့လာပြီးနောက် (၁၉၆၉)ခုနှစ် ကတည်းက ထုတ်ပြန်ထားသည့် ပြည်သူ့ လုံခြံုရေးနှင့် မှုခင်းတားဆီးရေး ဥပဒေ ၄(၁) အရ ပြစ်ဒဏ်ကို ဆက်လက် အတည်ပြုခဲ့ကြောင်း ပြောကြားသွားသည်။

မှုခင်း မှတ်တမ်းများအရ ရာဟီမာ နှင့် လုပ်ဖော်ကိုင်ဖက် တို့သည် (၁၉၉၄)ခုနှစ် ကတည်းက ပီနန်းရှိ ဘူကစ်မာတာဂျမ် အရပ်တွင် ဒေသခံ အမျိုးသမီးများ နှင့် ထိုင်းအမျိုးသမီး အချို့တို့ကို ပြည့်တန်ဆာအဖြစ် အတင်းသွပ်သွင်း စေခိုင်းခဲ့ကြောင်း အထောက်အထား များအရ သိရှိရသည်။

ရာဟီမာသည် ဘာတူးဂါဂျာရှိ ပြုပြင် ထိမ်းသိမ်းရေး စခန်းတခုတွင် ထိန်းသိမ်း ခံထားရဆဲဖြစ်ပြီး သူမ၏ရှေ့နေ ကာပယ်ဆင်း က တရားရုံး ဆုံးဖြတ်ချက် အတွက် အယူခံထပ်မံ ၀င်သွားမည်ဟု ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here