ချစ် သက်သေပြချင်၍ Tattoo ထိုးချင်သည်ဟု ကေတီဟုမ်း ပြောကြား

alt

ခန္ဓာကိုယ်တွင် Tattoo ထိုးချင်ကြောင်း ကေတီဟုမ်း က ပြောကြားလိုက်သည်။ နာမည်ကျော် ဟောလီးဝုဒ် မင်းသား တွမ်ခရုစ်နှင့် လက်ထပ်ပြီး (၃)နှစ် အရွယ် သမီးလေး ဆူရီခရုစ်ကို မွေးဖွား ထားသည့် မင်းသမီးက

သူမ၏ ခင်ပွန်းသည် အပေါ် ချစ် မေတ္တာကို သက်သေပြသည့် အနေနှင့် ခရုစ်၏ အမည်ကို Tattoo ထိုးသွားရန် စဉ်းစားထားကြောင်း ၀န်ခံခဲ့သည်။

သို့သော်လည်း ခရုစ် အနေနှင့်မူ ထိုသို့ လိုက်လုပ် / မလုပ် မသေချာဟုလည်း မင်းသမီးက ဆိုသည်။ ကေတီနှင့် နီးစပ်သူများက ခရုစ် ကိုယ်တိုင်ကမူ ကေတီ၏ အစီအစဉ် အပေါ် အားပေး လိုစိတ် သိပ်မရှိကြောင်း ပြောကြား ခဲ့သည်။

Tattoo ထိုးခြင်းသည် ဟောလီးဝုဒ်တွင် ချစ်မေတ္တာကို သက်သေပြမှု အဖြစ် ရေပန်းစားနေပြီး ယခုနှစ် အစောပိုင်းက ဗစ်တိုးရီးယား ဘက်ခမ်း သည် အိမ်ထောင်သက် (၁၀)နှစ်ပြည့် အထိမ်းအမှတ် အနေနှင့် ခင်ပွန်းသည် အင်္ဂလန် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း၏ အမည်ကို ရေးထိုးခဲ့သည်။

ဗစ်တိုးရီးယား၏ အခင်ဆုံး သူငယ်ချင်းလည်း ဖြစ်သည့် အသက်(၃၀) အရွယ် ကေတီက ထိုလုပ်ရပ်ကို အလွန် သဘောကျလျက် ရှိသည်။ ဒေးဗစ်နှင့် ဗစ်တိုးရီးယား တို့ နှစ်ဦးလုံးသည် ခန္ဓာကိုယ်တွင် ဟီးဘရူး ဘာသာဖြင့် “Together, Forever, Eternally”ဟု ရေးထိုး ထားကြသည်။

ကေတီက ထိုကဲ့သို့ ဆန်ဆန် စာသားမျိုးကိုပါ Tattoo ထိုးရန် စဉ်းစားနေသည်ဟု ဆိုသည်။ အင်္ဂလန် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်သည် လက်မောင်း နှစ်ခုလုံးတွင် Tattoo အပြည့် ထိုးထားသလို ဗစ်တိုးရီးယား မှာလည်း တကိုယ်လုံးတွင် Tattoo (၇)ခုအထိ ထိုးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here