အင်တာမီလန်အသင်း လီဗာပူးအသင်း ခေါင်းဆောင် ဂျာရတ်အား ခေါ်ရန် ကြံစည်နေ

alt

အီတလီ အားကစား စာစောင် Corriere Dello Sport က အီတလီ ချန်ပီယံ အင်တာမီလန်သည် လီဗာပူး အသင်း ခေါင်းဆောင် စတီဗင်ဂျာရတ် အား လာမည့်နွေရာသီတွင် ခေါ်ယူ နိုင်ရန် ကြံစည်နေကြောင်း ဖော်ပြ လိုက်သည်။

အသက်၂၉နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အား အင်တာနည်းပြ ဟိုဆေးမော်ရင်ညို ချဲလ်ဆီးအသင်းအား ကိုင်တွယ်နေစဉ် ကတည်းက ခေါ်ယူရန်ကြိုးစား ခဲ့ဖူးသည်။

လီဗာပူးသည် ယခုရာသီတွင် ရလဒ်ဆိုးများ ကြံုနေရပြီး ချန်ပီယံလိဂ်မှ စောစီးစွာ ထွက်ခွာ ခဲ့ရသည့်နောက် ဂျာရတ် အနေနှင့် အသင်းအား ကျောခိုင်း စွန့်ခွာဖွယ် ရှိနေကြောင်း ခန့်မှန်းမှု များလည်း ထွက်ပေါ်ခဲ့သည်။

အင်တာသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဂျာရတ်ကို ခေါ်ယူလိုက်ခြင်းဖြင့် ကွင်းလယ် အင်အားကို အကြီးအကျယ် ဖြည့်တင်းရာ ရောက်မည်ဟု မျှော်လင့်ထားသည်။ တိုက်ခိုက်ရေး စိတ်ဓာတ် ပြည့်ဝပြီး ကစားအား ကောင်းသည့် ဂျာရတ်အား စပိန်ထိပ်တန်း ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ် တို့ကပါ စိတ်ဝင်စား နေခြင်းကြောင့် အင်တာ အနေနှင့် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေသည်။

ထို့အပြင် လီဗာပူးအသင်း အာဏာပိုင် များအနေနှင့် ဂျာရတ်အား ရောင်းချခဲ့ပါက အသင်းကို အားပေး ထောက်ခံသူများ၏ အကြီးအကျယ် ကန့်ကွက်မှု များနှင့်လည်း ရင်ဆိုင် ရဖွယ်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here