လေယာဉ်ဖောက်ခွဲရန် ကြံစည်မှုအပြီး အမေရိကန် လေကြောင်းလိုင်း ရှယ်ယာတန်ဖိုးများ ကျဆင်း

alt

လေယာဉ်ပေါ်တွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှု ပေါ်ပေါက်လာပြီး နောက် အမေရိကန် လေကြောင်းလိုင်း များ၏ ရှယ်ယာ တန်ဖိုးများ ကျဆင်း လာကြောင်း သိရှိရသည်။

ခရစ္စမတ် နေ့က နိုက်ဂျီးရီးယား နိုင်ငံသားတဦး ဖောက်ခွဲရန် ကြံစည်ခဲ့သည့် Delta လေကြောင်းလိုင်း၏ ရှယ်ယာ တန်ဖိုးများသည် (၄.၁) ရာခိုင်နှုန်း ကျဆင်း သွားပြီး AMR လေကြောင်းလိုင်း၏ ရှယ်ယာမှာလည်း (၄.၈) ရာခိုင်နှုန်း လျော့ကျ သွားကြောင်း ဒီဇင်ဘာ (၂၈)ရက်နေ့ ရှယ်ယာ ပိတ်သိမ်းချိန် ကိန်းဂဏန်း များက ညွှန်ပြနေသည်။

လေကြောင်းလိုင်း များအပေါ် လုံခြံုရေး ရှုထောင့်မှ ပြည်သူများ၏ ယုံကြည်မှု လျော့ကျ လာခြင်းသည် ရှယ်ယာ တန်ဖိုးကို တိုက်ရိုက် သက်ရောက်စေကြောင်း လေ့လာသူများက ထောက်ပြ ပြောဆိုသည်။ (၂၀၀၁) ခုနှစ်၊ စက်တင်ဘာ (၁၁)ရက်နေ့ ကမာ္ဘကျော် WTC အဆောက်အအုံကြီး နှစ်ခု တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်တွင်လည်း ယင်းကဲ့သို့ လေကြောင်းလိုင်း ရှယ်ယာများ ဈေးနှုန်း ထိုးကျခဲ့ဖူးသည်။

ဝေါစထရိ က ကြေညာမှုအရ UAL ကော်ပိုရေးရှင်း လေကြောင်းလိုင်း၏ ရှယ်ယာ တန်ဖိုးလည်း (၃.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး US Airways Group မှာ (၆.၇) ရာခိုင်နှုန်း အထိ ရှယ်ယာဈေး ကျဆင်းမှုနှင့် ကြံုခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here