လေဒီဂါဂါကို အထင်ကြီး နှစ်သက်ကြောင်း ရီဟားနား ဖွင့်ဟချီးကျူး

alt

ယခုနှစ် အတွက် သူမ အထင် အကြီးဆုံး၊ အနှစ်သက်ဆုံး အဆိုတော် မှာ လေဒီဂါဂါသာ ဖြစ်ကြောင်း ရီဟားနား က ချီးကျူး ပြောကြားလိုက် သည်။ အသက် (၂၁)နှစ်ရှိ ဘာဘေးဒိုး ဇာတိ အဆိုတော်

မလေးက ဂါဂါ၏ အရည်အသွေးနှင့် ဖျော်ဖြေမှု ဟန်ပန် များမှာ ငေးမော နေရ လောက်အောင် သူမ အပေါ် ဆွဲဆောင် ထားနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဂါဂါသည် ထူးထူးဆန်းဆန်း၊ ရဲရဲ တင်းတင်းများ လုပ်ပြ တတ်ကြောင်း၊ အကြောက်အလန့် မရှိခြင်းသည် ဂါဂါ၏ အထိမ်းအမှတ် ဟုပင် ဆိုနိုင်ကြောင်း၊ မိမိအနေနှင့် ထိုသို့ မိမိကိုယ်ကိုယ် ယုံကြည်စိတ် ပြင်းပြ သူများအား အလွန်လေးစား အားကျကြောင်း ရီဟားနား က ဆိုသည်။

ရီဟားနား သည် ယခင်က ဟောလီးဝုဒ် မင်းသမီး မီဂန်ဖော့စ် အား ချစ်သူ အဖြစ် လိုချင်ကြောင်း ပြောခဲ့ဖူးသူလည်း ဖြစ်သည်။ ထို့အပြင် Umbrella စတား R&B အဆိုတော် မလေးက (၂၀၀၉) ခုနှစ်သည် သူမ၏ ချစ်သူဟောင်း ခရစ်ဘရောင်း နှင့် အကြီးအကျယ် ပြဿနာ ဖြစ်ခဲ့ခြင်း နှင့်အတူ ဘဝတွင် အကြမ်းတမ်းဆုံး နှစ်တနှစ် ဖြစ်ခဲ့ကြောင်း ၀န်ခံ သွားခဲ့သည်။

ဘရောင်း၏ အကြမ်းဖက် ရန်ပြုမှုသည် သူမ၏ ဘဝကိုရော၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းကိုပါ ခြောက်လှန့်နေသည်ဟု ရီဟားနား က ဆိုသည်။

ရီဟားနားသည် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော ရန်ပွဲကြောင့် မျက်နှာတွင် ဒဏ်ရာများ ရရှိ သွားပြီးနောက် (၈)လကျော် ကြာသည်အထိ ဖျော်ဖြေပွဲများနှင့် ဝေးကွာခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here