နယူးဇီလန် ကမ်းခြေတွင် ဝေလငါးများ အစုလိုက် အပြုံလိုက် ကမ်းတင်နေ

alt

နယူးဇီလန် နိုင်ငံရှိ ကော်ဗလီဘေး ကမ်းခြေတွင် ဒီဇင်ဘာ (၂၈)ရက်နေ့ နံနက်ပိုင်းက အစုလိုက် အပြံုလိုက် ကမ်းတင်နေသော ဝေလ် ငါးများအား တွေ့ရှိခဲ့ ပြီးနောက် ကမ်းခြေသို့ လာရောက် အပမ်းဖြေသူ များနှင့် ဒေသခံ

များက ဝေလ် ငါးများအား ကယ်တင်ရန် စုပေါင်း ကြိုးစား ခဲ့ကြသည်။

ကမာ္ဘလှည့် ခရီးသည်များနှင့် ဒေသခံ များကပါ အားကြိုးမာန်တက် ကယ်ဆယ်ရေးအား လေးနာရီကြာ ဆောင်ရွက် ပြီးနောက် ကမ်းတင် ဝေလ်ငါး (၆၀)ကျော် အနက် (၃)ပုံ(၂)ပုံကျော်အား ပင်လယ်ထဲသို့ အောင်မြင်စွာ ပြန်လည် ပို့ဆောင်နိုင်ခဲ့သည်။

TVNZ ရုပ်မြင်သံကြား ဌာနက နိုင်ငံမြောက်ပိုင်းတွင် ကမ်းတင်နေသော ဝေလ် ငါးများအနက် တကောင်သည် ပင်လယ်ထဲ ပြန်ရောက် သွားသည်နှင့် ကလေးငယ် တကောင် မွေးဖွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဒေသမှ မော်ရီ အမည်ရှိ လူမှုရေးအဖွဲ့က အချိန်မီ မကယ်တင် နိုင်သဖြင့် သေဆုံးသွားသော ဝေလ်ငါးများကို မကြာမီ အပြီးသတ် မြေမြှုပ် သဂြိုဟ်သွားမည်ဟု ပြောကြားလိုက်သည်။

ကမ်းပေါ်သို့ အစုလိုက် သောင်တင်နေသော ပိုင်းလော့ အမျိုးအစား ဝေလ် ငါးများသည် ဆိုနာ အသံလှိုင်းများဖြင့် အချင်းချင်း ဆက်သွယ်လေ့ ရှိကြပြီး ကမ်းခြေသောင်ပြင်က ၎င်းတို့၏ ချိတ်ဆက်မှုကို အနှောင့်အယှက် ဖြစ်စေရာမှ လမ်းမှားပြီး သောင်တင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၆)ရက် နေ့ကလည်း တောင်ပိုင်းကျွန်းစုတွင် ပိုင်းလော့ဝေလ်ငါး (၁၀၅)ကောင် ကမ်းတင် သေဆုံးခဲ့သေးသည်။ လူသူ ကင်းရှင်းသော အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးများ ရောက်သွားချိန်တွင် ကောင်ရေ (၃၀)ကျော် မျှသာ အသက်ရှင် ကျန်နေတော့သည်။

ပိုင်းလော့ ဝေလ်ငါးများသည် သဘာဝ အားဖြင့် ကုန်းပေါ်တွင် သောင်တင် နေသည့်တိုင် အချိန်ကြာမြင့်စွာ အသက်ရှင် နေနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here