နိုင်ငံတကာ ရုပ်သေးပြပွဲ ရန်ကုန်တွင် ကျင်းပမည်

alt

နိုင်ငံတကာ ရုပ်သေးပြပွဲ တခုကို ရန်ကုန်မြို့တွင် ကျင်းပ သွားမည်ဟု သိရှိရသည်။ ဇန်နဝါရီလ (၂၃)ရက် နေ့တွင် ကျင်းပမည့် ပြပွဲတွင် ဥရောပ နှင့် အာဖရိကတိုက် နိုင်ငံအချို့မှ

ရုပ်သေး အဖွဲ့များ ပါ၀င်ပြသ အသုံးတော် ခံမည်ဖြစ်ပြီး နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ချစ်ကြည် ရင်းနှီးမှု မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ပြပွဲအား ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြင်သစ် သံရုံးက ကူညီစီစဉ်သော ယင်းပြပွဲတွင် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများမှ ရုပ်သေးနှင့် လက်ထိုးရုပ် ပညာရှင်များ ၀င်ရောက်ကပြ မည်ဟု သိရှိရသည်။

ပြင်သစ်သံရုံးက ပြပွဲတွင် အနာဂတ်ကာလ သိပ္ပံနှင့် နည်းပညာများ တိုးတက် ထွန်းကား လာခြင်းကြောင့် လူသားများနှင့် ပတ်ဝန်းကျင် အတွက် မည်သို့မည်ပုံ ထိခိုက်စေနိုင်ကြောင်း ဇာတ်ကြောင်း ဖန်တီးကာ ကပြမည်ဟု ပြောကြားခဲ့သည်။

အခြားသော ယဉ်ကျေးမှု ဖလှယ်ရေး စီမံကိန်း တခုအဖြစ် ပြင်သစ် သံရုံးသည် Classic ဂစ်တာသမား သီဘော့ကူဗင် ၏ လက်စွမ်းပြ တီးခတ်မှုကို ရန်ကုန်မြို့တွင် စက်တင်ဘာလ အတွင်းက စီစဉ် ပြသခဲ့သေးသည်။ ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလ ကလည်း နာမည်ကျော် Jazz ဂီတသမား နှစ်ဦးဖြစ်သည့် ဖရန့်မီဒီအိုနီ နှင့် စန္ဒယားပညာရှင် စတီဖင်အိုလီဗာ တို့အား ရန်ကုန်မြို့တွင် ဖိတ်ခေါ် လက်စွမ်းပြ ဖျော်ဖြေစေခဲ့၏။

LEAVE A REPLY

Please enter your comment!
Please enter your name here