လိင်တူခြင်း လက်မထပ်ရ ဥပဒေကို ဆန့်ကျင်လိုက်သည့် အာဂျင်တီးနား အမျိုးသားနှစ်ဦး

alt

လိင်တူခြင်း လက်မထပ်ရ ဆိုသည့် ဥပဒေကို ဆန့်ကျင်ကာ အာဂျင်တီးနား အမျိုးသား နှစ်ဦးသည် လက်ထပ် ထိမ်းမြားလိုက်ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ အစောပိုင်းက ၎င်းတို့၏ လက်ထပ်ခွင့် လျှောက်ထားမှုကို တရားရုံး

က ပယ်ချ ထားသော်လည်း ခရိုင် အုပ်ချုပ်ရေးမှူး တဦးက ယင်းအမိန့်ကို ဆန့်ကျင်ကာ ယင်းတို့ နှစ်ဦးအား လက်ထပ် ပေးလိုက်ခြင်း ဖြစ်သည်။

အသက် (၃၉)နှစ်ရှိ အဲလက်ဖရီယီ နှင့် အသက် (၄၁)နှစ် အရွယ် ဂျိုးမာရီယာ ဒီဘယ်လို တို့ နှစ်ဦးသည် နိုင်ငံတောင်ပိုင်း အက်ရှူရီယာ မြို့တွင် အကျဉ်းရုံး အခမ်းအနား တခုဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၂၇)ရက် နေ့က လက်ထပ်ပွဲ ပြီးနောက် မိမိတို့ အနေနှင့် အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ဒီဘယ်လိုက ပြောကြားခဲ့ပြီး ထို လုပ်ဆောင်မှုသည် အာဂျင်တီးနား နိုင်ငံတဝှမ်းရှိ လိင်တူ ချစ်သူများအတွက် ရှေ့ဆောင်လမ်းပြ ကိစ္စမျိုး ဖြစ်လာမည်ဟု မျှော်လင့် ထားကြောင်း ပြောဆိုသွားခဲ့သည်။

နိုဝင်ဘာလ အတွင်းက ထိုနှစ်ဦးအား လက်ထပ်ခွင့် လိုင်စင်ကို ဗြူနိုအေးရီးမြို့တော် တရားသူကြီး တဦးက အတည်ပြု ထုတ်ပေးခဲ့ပြီး၊ ဒီဘယ်လိုရော၊ ဖရီယီပါ HIV ပိုး Positive ရှိသူများ ဖြစ်ကြပြီး ဒီဇင်ဘာ (၁)ရက်နေ့ ကတည်းက လက်ထပ်ရန် ရည်ရွယ် ထားသော်လည်း ပြည်ထောင်စု တရားရုံးက လက်ထပ်ခွင့်ကို ပြန်လည် ရုတ်သိမ်းခဲ့သဖြင့် လက်ထပ်ပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

အာဂျင်တီးနား နိုင်ငံသည် လက်တင် အမေရိက ဒေသတွင် ပထမဆုံးအဖြစ် လိင်တူ စုံတွဲများအား အကန့်အသတ် စည်းကမ်းများဖြင့် ပေါင်းသင်း နေထိုင်ခွင့်ကို (၂၀၀၂) ခုနှစ်က ခွင့်ပြု ပြဌာန်းခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here