Amazon Kindle eBook Reader ရောင်းချရမှု ပထမဆုံး အကြိမ်အဖြစ် စာအုပ်များထက် သာလွန်

alt

Amazon Kindle သည် လက်ဆောင် ပေးရန်အတွက် ကုမ္မဏီ၏ ၀ယ်ယူမှု အများဆုံး ကုန်စည်အဖြစ်သို့ ရောက်ရှိ နေကြောင်း သိရှိရသည်။

ခရစ္စမတ် လက်ဆောင်အဖြစ် ၀ယ်ယူ ကြမှုများ အနက်တွင် Amazon ၏ ထုတ်ကုန် ebook Reader သည် ပထမဆုံး အကြိမ်အဖြစ် သာမန် စာအုပ် များထက် အရေအတွက် ပိုများစွာ ရောင်းချခဲ့ရကြောင်း အမေဇုံ ကုမ္မဏီက ကြေညာ လိုက်သည်။

Amazon.com ၀ဘ်ဆိုဒ်က ဒီဇင်ဘာ (၂၆)ရက် နေ့တွင် ကြေညာချက် တခု ထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ (၁၄)ရက်နေ့ ကတည်းက Kindle အတွက် အမှာစာပေါင်း (၉.၆)သန်း လက်ခံ ရရှိခဲ့ကြောင်း၊ ရောင်းချ ရမှုသည် တစက္ကန့်လျှင် အခု(၁၁၀)မျှ ဖြစ်ရာ ကုမ္မဏီအတွက် စံချိန်တင် အောင်မြင်မှု ဖြစ်လာစေကြောင်း ဖော်ပြပါရှိသည်။

တေးသီချင်း နှင့် မီဒီယာ လောကတွင် အိတ်ဆောင် Gadget အဖြစ် iPod က လွှမ်းမိုး ထားသကဲ့သို့ ebook လောကတွင် Kindle သည် အကြီးအကျယ် အောင်မြင်နေပြီး ဈေးကွက်ဝေစု၏ (၆၅) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားပြီး ဖြစ်သည်။

ကျန် (၃၅) ရာခိုင်နှုန်းကို Sony ကုမ္ပဏီထုတ် E-Reader က ပိုင်ဆိုင် ထားပြီး၊  အမေရိကန် အခြေစိုက် စာအုပ် ရောင်းချရေး လုပ်ငန်းစုကြီး Barnes & Noble သည်လည်း (၂၀၁၀) ခုနှစ်တွင် Kindle အား ယှဉ်ပြိုင်ရေး အတွက် Nook အမည်ရှိ ebook Reader တမျိုးကို တီထွင် ထုတ်လုပ်ရန် ပြင်ဆင်နေသည်ဟု သိရှိရသည်။

Amazon အား ထူထောင်သူနှင့် CEO ဖြစ်သည့် ဂျက်ဘီဇော့က ယခုနှစ် ခရစ္စမတ်ရာသီတွင် လက်ဆောင် အပေးအများဆုံး ပစ္စည်းတခုအဖြစ် Kindle က အောင်မြင် လာခြင်းအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနှင့် ပျော်ရွှင်စရာ Reading အတွေ့အကြံုများ ပိုင်ဆိုင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါကြောင်း ပြောကြားခဲ့သည်။ Kindle သည် ယခုအခါ ၀ယ်ယူဖတ်ရှု သူများအတွက် Selection စာအုပ်ပေါင်း (၃၉၀၀၀၀) ကို စီစဉ် ပေးထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here