လူကာတိုနီ နှင့် ရိုးမားအသင်းတို့ စာချုပ် ချုပ်ဆိုတော့မည်

alt

လူကာတိုနီသည် အီတလီကလပ် ရိုးမား နှင့် ရက်ပိုင်းအတွင်း စာချုပ်  ချုပ်ဆို ဖွယ်ရှိကြောင်း သူ၏ အေးဂျင့်က ပြောကြားခဲ့သည်။ ဂျာမဏီ မြေရှိ ဘေယန်မြူးနစ် ကလပ်တွင် အခက် အခဲများနှင့် ရင်ဆိုင်နေရသော

အီတလီ လက်ရွေးစင် တိုက်စစ်မှူး သည် ယခု ဇန်နဝါရီလတွင် အသင်း ပြောင်းရန် ဆန္ဒပြင်းပြလျှက် ရှိနေသည် ဟု တိုနီ၏ အေးဂျင့်ဖြစ်သူ တူလီလိုတင်တီ က ကစားသမား အနေနှင့် အီတလီမြေ သို့သာ ပြန်လိုစိတ် ထက်သန်နေကြောင်း အတည်ပြု ပြောကြားသွားခဲ့သည်။

အရပ်အမောင်း မြင့်မားပြီး အင်တိုက်အားတိုက် ကစားတတ်သည့် တိုနီသည် (၂၀၀၆)ခုနှစ် ကမာ္ဘ့ဖလားအား အီတလီအသင်း ဆွတ်ခူးစဉ်က ထိုးစစ် မြှားဦးတွင် ခြေစွမ်းပြခဲ့သူ ဖြစ်သည်။ အသက် (၃၂)နှစ်ရှိ ကစားသမားသည် ဘေယန်သို့ စတင် ရောက်ရှိစဉ်က အဆင်ပြေခဲ့ သော်လည်း နောက်ပိုင်းတွင် နေရာပျောက်ပြီး အကြီးအကျယ် ရုန်းကန် နေရသည်။

ရိုးမားသည်လည်း အားနည်းနေသည့် တိုက်စစ်တွင် တိုနီကဲ့သို့ အတွေ့အကြံုရင့် ကစားသမား တဦးအား အလွန် သက်သာသော ဈေးနှုန်းဖြင့် ရရှိမည် ဖြစ်သောကြောင့် စုံစမ်းမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

တိုနီအား အင်္ဂလန် ကလပ်များဖြစ်သည့် တော့တင်ဟမ် ဟော့စပါး နှင့် ၀က်စ်ဟမ်း ယူနိုက်တက် တို့က စိတ်ဝင်စား နေသော်လည်း တိုနီ ကမူ ကစားသမား ဘဝကို အီတလီတွင်သာ အဆုံးသတ်လို စိတ် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here