ဆွီဒင် မိုဘိုင်း ဖုန်းသုံးသူများ ခရစ္စမတ် နှုတ်ခွန်းဆက်သမှု အကြိမ် အရေအတွက် စံချိန်သစ်တင်

alt

ဆွီဒင် နိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြု သူများသည် စံချိန်သစ် အနေနှင့် ခရစ္စမတ် နှုတ်ခွန်း ဆက်သမှုပေါင်း (၇၆)သန်းကို Text Message များဖြင့် ပေးပို့ ခဲ့ကြကြောင်း တယ်လီဖုန်း ကုမ္ပဏီတခုက ကြေညာခဲ့သည်။

ဖုန်း အသုံးပြုသူ တဦးစီသည် ပျမ်းမျှ အားဖြင့် ခရစ္စမတ် ဆုမွန်ကောင်း တောင်းမှု Text Message (၈)ခုစီ ပြုလုပ်ခဲ့ကြောင်း thelocal.se တွင် ဖော်ပြခဲ့သည်။

ဆွီဒင်နိုင်ငံ မိုဘိုင်းဖုန်း ကုမ္ပဏီများက ကောက်ခံသည့် စစ်တမ်းအရ မိုဘိုင်းဖုန်း အသုံးပြုသူ အားလုံး၏ (၈၀) ရာခိုင်နှုန်းသည် ခရစ္စမတ် အားလပ်ရက် အတွင်း Text Message များ အသုံးပြုခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဖုန်းဖြင့် ဓာတ်ပုံများ ရိုက်ကူး ပေးပို့မှုသည်လည်း ယခုနှစ်အတွင်း အကြိမ်(၇၀၀၀၀) အထိ ပြုလုပ် လာခဲ့သောကြောင့် (၂၀၀၈) နှင့် နှိုင်းယှဉ်ပါက (၆၀) ရာခိုင်နှုန်း များပြားလာခြင်း ဖြစ်သည်။

ဖုန်း အသုံးပြုသူ အတော်များများသည် ခရစ္စမတ်ကဲ့သို့ အမှတ်တရ ကာလများတွင် ဓာတ်ပုံနှင့် အသံများကို တွဲဖက်ကာ နှုတ်ခွန်းဆက်သမှု ပိုများလာကြောင်း Telenor Mobile ၏ Marketing ဌာန အကြီးအကဲ မတ်တီးယတ်ရင်ကွစ် က ပြောကြားခဲ့သည်။ လာမည့်နှစ် များတွင် မိုဘိုင်းဖုန်းဖြင့် နှုတ်ခွန်း ဆက်သမှုများသည် ပိုမိုများပြား လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ခရစ္စမတ်သည် တရက်ချင်းစီ အနေအထားဖြင့် ဒုတိယမြောက် Message ပေးပို့ နှုတ်ခွန်းဆက်သမှု အများဆုံးနေ့ ဖြစ်ကြောင်း၊ လူများသည် ခရစ္စမတ်ထက် နှစ်သစ်ကူး နေ့တွင် Message ဖြင့် နှုတ်ခွန်းဆက် ဆုတောင်းပေးရန် ပိုမို စိတ်အား ထက်သန်လေ့ ရှိကြောင်း Tele2 ကုမ္ပဏီမှ Provider တဦးဖြစ်သည့် အဲနီကာ ခရစ်စတန်ဆန် က ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here