ရီးရဲလ် မက်ဒရစ် ဒုတိယ ကြယ်စင်စု ထူထောင် သွားဖွယ်ရှိ

alt

တချိန်က ရော်နာဒို၊ မိုက်ကယ်အိုဝင်၊ လူးဝစ်ဖီဂို၊ ဒေးဗစ်ဘက်ခမ်း၊ ဇင်နီဒင်း ဇီဒိန်း တို့ကို ၀ယ်ယူကာ ရီးရဲလ် မက်ဒရစ်အား ကြယ်စင်စု အသင်း အဖြစ် ထူထောင်ခဲ့သော ဥက္ကဌကြီး ဖလော်ရင်တီနို ပီရက်စ်သည်

ဒုတိယမျိုးဆက် ကြယ်စင်စုကို လာမည့် ရာသီတွင် အပြည့်အဝ ထူထောင် သွားဖွယ်ရှိကြောင်း စပိန် သတင်းဌာန Marca က ဖော်ပြခဲ့သည်။

ပထမဆုံး ပစ်မှတ်အနေနှင့် ချဲလ်ဆီးက အသည်းအသန် အလိုရှိနေသော အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယိုအဂွေရို အား မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် မှ ခေါ်ယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။

၎င်းသည် စာချုပ်အရ ယူရိုငွေ သန်း(၆၀) ပေးပါက အသင်းမှ ထွက်ခွာခွင့် ပြုမည်ဟု ပါရှိနေခဲ့ပြီး ရီးရဲလ်သည် အဂွေရိုမှာ အနာဂတ်ကာလ ကမာ္ဘ့ အကောင်းဆုံးဆုရှင် ဖြစ်လာ နိုင်ကြောင်း မျှော်လင့်လျက် ရှိသည်။ ထို့အပြင် ဗလန်စီယာ၏ နာမည်ကျော် တိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ဒေးဗစ်ဗီလာ နှင့် ဒေးဗစ်ဆေးဗား တို့အားလည်း နှစ်ဦးပေါင်း ယူရို သန်း(၁၂၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်လျက် ရှိနေသည်။

ထို့အပြင် မန်ချက်စတာ ယူနိုက်တက်မှ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ၀ိန်းရွန်နေးလ် အားလည်း ခရစ်စတီယာနို ရော်နာဒို အား ခေါ်ယူစဉ်က ပေးချေခဲ့သည့် ပမာဏအတိုင်း ယူရို သန်း(၁၀၀)ကျော်ဖြင့် ခေါ်ယူနိုင်မည်ဟု မျှော်လင့်ချက် ရှိနေသေးပြီး၊ ရီးရဲလ်သည် ယခုနှစ် နွေရာသီကလည်း ရော်နာဒို၊ ဇာဘီအလွန်ဆို၊ ရီကာဒိုကာကာ၊ ကီရင်ဘန်ဇီးမား စသည့် ကမာ္ဘ့ အကောင်းဆုံး ကစားသမား များကို စုစည်းခေါ်ယူထားရာ ယခုနောက်ထပ် ပစ်မှတ်ထားသည့် ကစားသမားများဖြင့် စုစည်းလိုက်ပါက ကမာ္ဘပေါ်တွင် အင်အား အတောင့်တင်းဆုံး အသင်းအဖြစ်သို့ ရောက်ရှိလာမည်ဟု ဥက္ကဌကြီးက မျှော်လင့်လျက် ရှိသည်။

အကယ်၍ ထိုကစားသမားများအား ခေါ်ယူရေး အောင်မြင်ခဲ့ပါက အသင်းရှိ တိုက်စစ်မှူးများ ဖြစ်သော ရုဗင်နစ္စတယ်ရွိုင်း နှင့် ရာအူးဂွန်ဇာလက် တို့မှာ အသင်းတွက် ဆက်ရှိရန် မသေချာ တော့ကြောင်းလည်း Marca က သုံးသပ် ဖော်ပြထားရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here