ကမာ္ဘ့ အရှားပါးဆုံး ငါးမန်းတကောင် ဖိလစ်ပိုင် တံငါသည်များ ဖမ်းမိ

alt

ဖိလစ်ပိုင် နိုင်ငံရှိ တံငါသည်များသည် ကမာ္ဘပေါ်တွင် အရှားပါးဆုံး မျိုးနွယ် ငါးမန်း တကောင်ကို မတော်တဆ ဖမ်းမိပြီး နောက် သတ်စားလိုက်ကြ ကြောင်း ကမာ္ဘ့သားရိုင်း တိရစာ္ဆန် စောင့်ရှောက်ရေး အဖွဲ့ကြီး ( WWF )

the World Wildlife Fund က အတည်ပြု ပြောဆိုခဲ့သည်။

Megamouth ခေါ် ငါးမန်းများသည် ကမာ္ဘပေါ်တွင် အရှားဆုံး မျိုးနွယ်စိတ် ဖြစ်ပြီး WWF ၏ မှတ်တမ်းတွင် သမုဒ္ဒရာများ အနက် (၄၁)ကောင်သာ တွေ့မြင် ဖူးတော့ကြောင်း ပါရှိသည်။ ပြီးခဲ့သည့် သီတင်းပါတ်က ဖိလစ်ပိုင် ရေလုပ်သား များသည် ဒွန်ဆော ကမ်းခြေ အလွန်တွင် (၄)မီတာ / ၁၃ပေ ရှည်ပြီး တန်ဝက် အလေးချိန် ရှိသည့် ငါးမန်းကြီးအား မတော်တဆ ဖမ်းမိ ပြီးနောက် သတ်ဖြတ်ကာ ရိုးရာ ပုံစံအတိုင်း အသားကို အုန်းနို့ နှင့် ချက်စား လိုက်ကြသည်ဟု WWF က ကြေညာသည်။

WWF မှ တာဝန်ရှိသူများက ငါးမန်းအား ပြန်လွှတ်ပေးရန် ပန်ကြားခဲ့ သော်လည်း တံငါသည် များက လက်မခံ ခဲ့ချေ။ WWF လက်အောက်ခံ ဌာန တခုမှ အနီးတဝိုက်ရှိ ဝေလ် ငါးမန်း များအား လူအများက သတ်ဖြတ်နေမှုကို တားဆီးရေး စီမံကိန်းဖြင့် လာရောက် တာဝန် ထမ်းဆောင် နေသူများသည် တံငါသည် များအား ဖျောင့်ဖြခဲ့ခြင်း ဖြစ်ပြီး သူတို့ ရည်ရွယ်ချက် မအောင်မြင် ခဲ့ချေ။

ဒွန်ဆော ကမ်းခြေမြို့သည် ကမာ္ဘပေါ်တွင် ဝေလ်ငါးမန်း များအား ဖမ်းဆီး သတ်ဖြတ်မှု အများဆုံး ဖြစ်နေသော မှတ်တမ်းအပေါ် ဂုဏ်ယူလေ့ ရှိပြီး မြို့၏ အဓိက စီးပွားရေး လုပ်ငန်းမှာလည်း တံငါလုပ်ငန်းသာ ဖြစ်သည်။ Megamouth ငါးမန်းများသည် နာမည်နှင့် လိုက်အောင် အလွန် အရုပ်ဆိုးပြီး ကြီးမားလှသည့် ပါးစပ်ကြီးများ ပါရှိသည်။

၎င်း မျိုးနွယ်စုအား (၁၉၇၆)ခုနှစ်က ဟာဝိုင်ယီ အနီးတွင် ပထမဆုံး အကြိမ် ဖမ်းဆီး ရမိခဲ့ဖူးပြီး (၂၀)ရာစု၏ ရေနေသတ္တဝါ ကဏ္ဍတွင် အကြီးကျယ်ဆုံး ရှာဖွေ တွေ့ရှိမှုအဖြစ် ပညာရှင်များက ချီးကျူး ပြောဆိုခဲ့ကြသည်။ WWF က ဖိလစ်ပိုင် ရေပိုင်နက် အတွင်း Megamouth ငါးမန်း (၈)ကောင် မျှသာ နေထိုင်ဖွယ် ရှိကြောင်း ပြောကြားထားပြီး အခြား မျိုးနွယ်တူ ငါးမန်းများကို အမေရိကန် ကယ်လီဖိုးနီးယား မြို့အနီးနှင့် ဂျပန်၊ ဘရာဇီး၊ မက္ကစီကို၊ တောင်အာဖရိက၊ ဩစတြေးလျတို့ အနီးတွင် ကျက်စားနေဖွယ် ရှိကြောင်း ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here