ဖမ်းဆီး ထိန်းသိမ်းထားသည့် ထိုင်ဝမ် တံငါသည် များအား ပြန်လွှတ်ပေးပြီ

alt

မြန်မာ စစ်အစိုးရ ဖမ်းဆီးထိန်းသိမ်း ထားသည့် ထိုင်ဝမ် တံငါသည် (၄)ဦး အား ဒီဇင်ဘာ (၂၈)ရက်နေ့ ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်သည်ဟု ထိုင်ဝမ် နိုင်ငံခြား ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ များက မိမိတို့နိုင်ငံသား (၄)ဦးသည်

တလကြာ ဖမ်းဆီး ခံထားရမှုမှ ပြန်လည် လွတ်မြောက် လာပြီဟု အတည်ပြု ပြောကြားခဲ့သည်။

ယင်းတို့သည် နိုဝင်ဘာ (၁၈)ရက် နေ့က မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုး ဖမ်းမှုကြောင့် မြန်မာ ရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

(၄)ဦးလုံး ဒီဇင်ဘာ (၂၈)ရက်နေ့ ညပိုင်းတွင် ထိုင်ဝမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း တာဝန်ရှိသူ များက ဆိုသည်။ တရုတ် ပြည်မကြီးမှ အာဏာပိုင် အဖွဲ့အစည်း များသည် ယခု သင်္ဘောသား များအား ပြန်လွှတ် ပေးရေးအတွက် မြန်မာ စစ်အစိုးရ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေး တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး အဖမ်းဆီးခံ တံငါသည်များ၏ လုံခြံုရေးနှင့် ဥပဒေအတွင်း ရပိုင်ခွင့်များ အတွက်ပါ ပန်ကြား တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

တံငါသည် များအား မြန်မာ စစ်အစိုးရက ပြန်လွှတ်ပေးကြောင်း သတင်းကို တရုတ်နိုင်ငံ အခြေစိုက် Relations Across the Taiwan Straints အဖွဲ့က ထိုင်ဝမ်ရှိ Straits Exchange Foundation ထံ အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။

ယင်း အဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိက မိမိတို့ အနေနှင့် ထိုင်ဝမ် လူမျိုးများ နိုင်ငံရပ်ခြားတွင် အခက်အခဲ ကြံုရပါက ကူညီ ဖြေရှင်းပေးရန် တာဝန် ယူထားကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here