နှလုံးအစားထိုး ကုသမှုနှင့် အရေပြားရောဂါ ဆက်စပ်နေ

alt

အမေရိကန်နိုင်ငံ မင်နီဇိုးတား ပြည်နယ် ရိုချက်စတာမြို့ မှ မေယို သုတေသန ဆေးခန်း တွေ့ရှိချက်အရ ခပ်များများ သော နှလုံးအစားထိုး ကုသမှုခံယူ ထားသော လူနာများ၏ တုန့်ပြန်သည့် ရလဒ်များသည် အရေပြားကင်ဆာ

ဖြစ်ပွား လာတတ်ကြောင်း တွေ့ရှိ ရသည်ဟု  ကြေညာချက် ထုတ်ပြန် လိုက်သည်။

ဒေါက်တာ ဂျယ်ရီဘရီဝါ သည် ပျှမ်းမျှ အသက် ၄၇နှစ် အရွယ် လူနာပေါင်း ၃၁၂ ယောက်အား ၁၉၈၈ ခုနှစ်မှ ၂၀၀၆ခုနှစ် အထိ စဉ်ဆက်မပြတ် သုတေသနပြု လေ့လာခဲ့ရာ ၅၀% ကျော်မှာ ၁၉နှစ် အကြာတွင် အရေပြား ကင်ဆာ ဖြစ်ပွား လာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုသည်။

အရေပြား ရောဂါဗေဒ ဆိုင်ရာ ယင်းတွေ့ရှိချက် မှတ်တမ်းမှတ်ရာကို ယုံမှား သံသယ ရှိစရာ မလိုပဲ နှလုံး ပျက်စီးရမှု၏ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက် အဖြစ် squamous ဆဲလ်ကြောင့် အရေပြားကင်ဆာ နှင့် အခြားသော ကင်ဆာရောဂါများ ဖြစ်ပွားရခြင်းဟု ဆိုသည်။

အရေပြားတွင် သဘာဝမှ ရောဂါပိုးကို တွန်းလှန်စေသော မိုက်ကိုဖီနောလိပ် အက်ဆစ် ဓါတ်အား ချေဖျက်ပစ်ခံရကာ basal ဆဲလ်များ တိုးပွားလာ၍ ရေယုန်ကဲ့သို့ အရေပြား ရောဂါများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

ထိုလေ့လာမှု များအတွင်း နှလုံးအစားထိုး ကုသမှု လူနာများ၏ အရေပြားတွင် ပုံမှန် မဟုတ်သော အဖုအပိမ့်များ ပေါ်ထွက် လာသည်ကို တွေ့ရှိရပြီး၊ လူကို သေစေနိုင်လောက် သည်အထိ အူမကြီးကင်ဆာ မှလွဲ၍ အခြားသော အရေပြား ကင်ဆာမျိုး မတွေ့ရှိရဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here