ခရစ္စမတ်နေ့ အကြမ်းဖက်သမား ရာဇဝင်တချို့ ထွက်ပေါ်လာ

alt

လွန်ခဲ့သော သောကြာ နေ့က ဒက်ထရွိုက် ကောင်းကင်ယံမှ နော့သ် ဝက်(စ်) လေကြောင်းလိုင်း လေယာဉ် အား ပေါက်ကွဲရန် ကြံစည်ခဲ့သူ ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား အူမာဖါရွတ် အဗ္ဗဒူ မူတာလဘ် မှာ

မီးလောင်ကျွမ်းမှု ဒဏ်ရာ များဖြင့် ဆေးကုသ ခံယူနေကာ သူ၏ သတင်းများ ထွက်ပေါ်မလာပဲ လုံခြံုရေး အထူးတင်းကြပ် ထားသည်ဟု ဆိုသည်။ ယနေ့တွင် သူနေထိုင်ရာ လန်ဒန်မြို့ရှိ သူ၏ တိုက်ခန်းအား စစ်ဆေးခဲ့သော ရဲများထံမှ မူတာလဘ် သတင်း အချက်အလက် တချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မူတာလဘ် မှာ လန်ဒန်မြို့လည် မန်(စ)ဖီးလ်လမ်း ရှိ ဘလောက်တခု အပြည့် ဆောက်ထားသော ဒေါ်လာ၃သန်းတန် အပါတ့်မန့်တွင် နေထိုင်ကာ U.C.L လန်ဒန်တွင် မက္ကင်နီကယ်လ် အင်ဂျင်နီယာ ဘာသာရပ် သင်ကြားနေသူ ဖြစ်သည်ဟု သိရှိရပြီး သူ၏ ဖခင်မှာ ယခင် နိုင်ဂျီးရီးယား နိုင်ငံ၏ စီပွားရေးရာ ဝန်ကြီးဟောင်း ဖြစ်သည်ဟု ဆိုသည်။ မူတာလဘ်၏ ဖခင် ဖြစ်သူမှာ စနေနေ့ညက အမေရိကန်၊ ဗြိတိန် တို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော နိုင်ဂျီးရီးယား ရဲများနှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့ပြီး သူ၏သား ဖြစ်သူမှာ တကယ်ပင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမား ဖြစ်သွားခဲ့ပြီလားဟု ရဲထံ မေးမြန်းခဲ့သည်။

ဖခင်ဖြစ်သူမှာ လွန်ခဲ့သော ၆လ ခန့်ကပင် အမေရိကန် သံရုံး အာဏာပိုင် တို့အား သူ၏သားမှာ အစွန်းရောက် အကြမ်းဖက်သမား ဖြစ်နေသည့် အရိပ်အယောင် တွေ့ရသည်ဟု အကြောင်းကြား ခဲ့ဖူးသည်။ ထို့နောက် သားဖြစ်သူမှာ ဗြိတိန်နိုင်ငံသို့ ၃နှစ်တာ စာသင်ကြားရန် သွားရောက်ခဲ့ပြီ ဖြစ်သည်။ မူတာလဘ်မှာ အမေရိကန် အစိုးရ ယူဆထားသော ၅သိန်းခွဲရှိ အကြမ်းဖက် သမားများ စာရင်းဝင်သော်လည်း ယခုလို ခရစ္စမတ်နေ့ အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု လုပ်ဆောင်ခဲ့သည့် အတွက် အံ့အားသင့်ရကြောင်း သူ၏ အတန်းဖေါ်များမှ ပြောကြား လိုက်သည်။

လန်ဒန်ရှိ တယ်လီဂရပ်(ဖ်) သတင်းစာနှင့် အင်တာဗျူးတွင် သူ၏ သမိုင်း ဘာသာရပ် သင်ကြားသော ဆရာက မူတာလဘ် ဟာ ၁၅နှစ်သား အရွယ် မျက်နှာပေးနဲ့ တာလီဘန်လေးနဲ့ ပိုတူပါတယ်၊ စာသင်ကြားချိန်မှာလဲ ဘုရားရှိခိုး နေတတ်လို့ သူ့ကို သူငယ်ချင်းတွေက သူတော်စင်ကြီး (“The Pope”) ဟု ခေါ်ဆိုကြကြောင်း ပြောကြားလိုက်သည်။ လွန်ခဲ့သည့် ၂နှစ်ခန့် ကလည်း သူ၏ ဆရာဟောင်း ဖြစ်သူထံ ဖုန်းဆက်စဉ်က မူတာလဘ် မှာ ယီမင် နိုင်ငံတွင် အာရေဗီယျ စာပေ သင်ကြားနေကြောင်း ပြောပြဖူးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here