မြောက်ကိုရီးယားတွင် နိုင်ငံခြားဆံပင် ပုံစံမထားရေး စီမံကိန်း စတင်မည်

alt

မြောက် ကိုရီးယားနိုင်ငံတွင် နိုင်ငံခြား  ဆံပင်ပုံစံ မထားရေး စီမံကိန်း တရပ်ကို တရားဝင် စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်လ ကတည်းက အစိုးရ သတင်းဌာန များသည်

အမျိုးသားများ အနေနှင့် ဆံပင်ကို ခပ်တိုတို ညှပ်ထားသင့်ပြီး အမျိုးသမီး များကမူ ဆံပင်ကို စည်းထားသင့် ကြောင်း ဖော်ပြခဲ့ကြသည်။ ယခုအခါ တွင်မူ ကွန်မြူနစ် နိုင်ငံတော်၏ ခေါင်းဆောင်ကြီး ကင်ဂျံုအီ ကိုယ်တိုင် က အမိန့် ထုတ်ကာ နိုင်ငံခြား တိုင်းပြည်များမှ ဆံပင်ပုံများ မထား ကြရန် ညွှန်ကြား လိုက်ပြီးဖြစ်သည်။

ဆံပင်ကို ရိုးရိုးနှင့် ယဉ်ယဉ်သာ ထားရှိခြင်းသည် တိုင်းပြည်၏ လူမှုဘဝကို ထင်ဟပ်ပြသ စေသည့် အလွန်အရေးပါသော ကိစ္စတခုဖြစ်ကြောင်း အာဏာရ ကွန်မြူနစ်ပါတီမှ ထုတ်ဝေသည့် ရိုဒေါင်ဆင်မန် သတင်းစာက ဖော်ပြထားသည်။ တောင်ကိုရီးယား အခြေစိုက် Good Friends လူမှုရေးအဖွဲ့က ယခု ကြေညာချက်သည် ခေါင်းဆောင်ကြီး ကင်ထံမှ တိုက်ရိုက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကင်သည် နိုင်ငံအတွင်း အမျိုးသမီး အချို့သည် ခေတ်ဆန်ဆန် ဆံပင်ပုံစံများ ပြုပြင် ထားသည်ကို တွေ့ရှိပြီးနောက် စိတ်မကျေနပ်ဘဲ ဖြစ်နေခဲ့ပြီး ထို အမျိုးသမီးများသည် ကိုရီးယား တို့၏ ရိုးရာဟန် ယဉ်ကျေးမှုကို မျက်ကွယ်ပြု နေသူများဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ဖူးသည်။

ထို့အပြင် ကင်သည် အမျိုးသမီးများအား ဒူးထက် တိုသော စကက်များ၊ ဘောင်းဘီ အကြပ်များ၊ ဘောင်းဘီတို များနှင့် အခြားသော ခန္ဓာကိုယ် အလှကို လှစ်ပြသည့် အဝတ်အစားများ မဝတ်ဆင် ရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။ ပြံုယမ်းရှိ အစိုးရက ဖွဲ့စည်း ပေးထားသည့် လူငယ် ယူနီယံကမူ မိမိတို့ အနေနှင့် ငယ်ရွယ်သော ယောက်ျားလေး၊ မိန်းကလေးများ၏ ဆံပင်ပုံစံအား အတင်းအကြပ် ပြောင်းလဲခိုင်းမည် မဟုတ်ကြောင်း ပြောဆို ထားသည်။

မြောက် ကိုရီးယားသည် မိမိတို့၏ ယဉ်ကျေးမှုကို ညစ်နွမ်းစေသည်ဟု ကြေညာကာ နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားများ၊ ပြဇာတ်များ၊ ၀တ္ထုစာအုပ် များကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့တားဆီး ထားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here