ဂျင်မီဂျက် နှင့် ဆုန်သင်းပါရ်တို့ ကာဘိုရိုမှာ ရံပုံငွေ ရှာပေးမည်

alt

ယမန်နှစ် များက မြန်မာနိုင်ငံ အနောက် မြောက်ဖျားပိုင်း ချင်း ပြည်နယ်တွင် ရာသီဥတုဖေါက်ပြန်မှုကြောင့် သဘာဝ ဘေးအန္တရာယ် အတိဒုက္ခ ရောက်ကြ သူများအတွက် အမေရိကန် နိုင်ငံ နော့သ် ကယ်ရိုလိုင်းနား ပြည်နယ်

ရောက် ချင်း လူငယ်များက ရံပုံငွေ ရှာဖွေပွဲ ကျင်းပမည်ဟု သိရှိရသည်။

ထို ရံပုံငွေပွဲအား အမေရိကန် နိုင်ငံသို့ ခေတ္တ အလည်အပါတ် ခရီးရောက် ရှိနေသော စတီရီယို အဆိုတော် ဆုန်သင်းပါရ် နှင့် အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်၊ ဟူစတန်မြို့တွင် နေထိုင်သော မြန်မာ့ စတီရီယိုခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်အောင် ( Jimmy Jack ) တို့မှ ဖျော်ဖြေကြမည်ဟု သိရှိရသည်။

၎င်းပွဲတော်အား ကာဘိုရိုမြို့မှ art center တွင် လာမည့်အပါတ် ဇန္နဝါရီလ ၂ရက်နေ့ တွင် ညနေ ၄နာရီမှ ည၈ နာရီ အထိဖြစ်ပြီး ယင်း ဖျော်ဖြေပွဲအား ဒေါ်လာ ၂၀ / ၃၀ သတ်မှတ်ထားပြီး ကြိုတင်လက်မှတ် ဝယ်ယူချင်သူများ အနေဖြင့် contact person ဖြစ်သော ကိုအောင်ကြည်သိန်း – ( ၉၁၉- ၉၅၁၄ ၁၇၅ ) နှင့် ဆရာကပ်ပို ( ၃၃၆ – ၄၇၁ ၃၁၂၈ ) တို့ထံတွင် ဆက်သွယ်နိုင်ပြီ ဖြစ်သည်။

ယင်းပွဲတော်မှာ မြန်မာပြည်မှ ခေတ္တခဏ ရောက်ရှိနေသော အဆိုတော် ဆုန်သင်းပါရ် နှင့် စတီရီယို ခေတ်ဦး နာမည်ကြီး အဆိုတော် လားရှိုးသိန်အောင် တို့၏ ကြံုတောင့်ကြံုခဲ သီဆိုကြမည့် ပွဲစဉ်ဟု သိရှိရသည်။

နော့သ် ကယ်ရိုလိုင်းနား ပြည်နယ် ဒူရန်မြို့မှ လားရှိုး သိန်းအောင် ပရိသတ်တဦးက ကျနော်တို့ လွန်ခဲ့တဲ့ အနှစ်၃၀ကျော်က အသံသာ ကြားရပြီး စွဲလန်းခဲ့ရတဲ့ လားရှိုးကြီးကို အခုတော့ နှဖူးတွေ့ ဒူးတွေ့ ကြည့်ရတော့မှာမို့ ရင်တွေ ခုန်နေပါတယ်ဟု ဖြေဆိုပြီး၊ ချာပါဟေးလ်မြို့မှ တက္ကသိုလ် ကျောင်းသူတဦးက သမီးတို့က ဆုန်သင်းပါရ် အသံကြိုက်လို့ ဒီပွဲကို သေခြာပေါက်သွား ဖြစ်မည်ဟု လူထုအသံသို့ ပြောကြား လိုက်သည်။

တင်အောင်မိုး ( လူထုအသံ )

LEAVE A REPLY

Please enter your comment!
Please enter your name here