အေစီမီလန် ကစားသမား ရော်နယ်ဒင်ညိုအား ဘရာဇီးကလပ် ကမ်းလှမ်း

alt

အေစီမီလန်တွင် ရုန်းကန် နေရသော ဘရာဇီး လက်ရွေးစင်ဟောင်း ရော်နယ် ဒင်ညိုအား ဘရာဇီးကလပ် ဘိုတာဖိုဂို က ကမ်းလှမ်းခဲ့ကြောင်း အီတလီ ကလပ် အသင်းကြီးက အတည်ပြု ကြေညာ ခဲ့သည်။

Globoesporte အားကစား သတင်း ဌာန၏ အဆိုအရ ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမားဆုကို နှစ်ကြိမ် ရရှိဖူးပြီး ဆယ်စုနှစ် အကောင်းဆုံး ဘောလုံး သမားအဖြစ် သတ်မှတ်ခံရသူ အသက် (၃၂)နှစ် အရွယ် ကွင်းလယ် တိုက်စစ်မှူးအတွက် ဘရာဇီးအေးဂျင့် မော်ရိုအဇီဗီဒို က မီလန် အာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း သိရသည်။

အဇီဗီဒိုက ဘိုတာဖိုဂို အသင်းသည် ကနဦး ကမ်းလှမ်းချက်ကို ပြုလုပ်ထားပြီး ဖြစ်သည့်တိုင် မီလန်ဘက်မှ အကြောင်းပြန်မှုကို တိတိကျကျ မသိရသေးကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ယခု ကိစ္စသည် ကောလဟာလ တခု မဟုတ်ကြောင်း၊ ဘိုတာဖိုဂို သည် ရော်နယ်ဒင်ညို အား မွေးရပ်မြေသို့ ပြန်ခေါ်ရန် ကြိုးစားနေကြောင်း အတည်ပြုခဲ့သည်။ ရော်နယ်ဒင်ညို သည် ဘာစီလိုနာတွင် အအောင်မြင်ဆုံး ကာလများကို ဖြတ်သန်းနိုင်ခဲ့ပြီး (၂၀၀၂)ခုနှစ်၊ ဘရာဇီးအသင်း ကမာ္ဘ့ဖလားအား ဗိုလ်စွဲ ဆွတ်ခူးရာတွင် အဓိက နေရာမှ ခြေစွမ်းပြခဲ့သူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here