ကနေဒီယမ် ဆော့(ဖ်)ဝဲယား ကုမ္မဏီလေးတခု မိုက္ကရိုဆော့(ဖ်)ကို တရားနိုင်ပြီ

alt

၂နှစ်ကျော် အကြာ စောင့်ဆိုင်း အမှုဖြစ် နေခဲ့ရသည့် ကနေဒါနိုင်ငံ တိုရန်တိုမြို့မှ ဆော့(ဖ်)ဝဲယား ကုမ္မဏီလေး i4i မှာ မိုက္ကရိုဆော့(ဖ်) ကုမ္မဏီကြီး အား အနိုင် ရရှိသွားခဲ့ပြီ ဖြစ်သည်။

မိုက္ကရိုဆော့(ဖ်) ကုမ္မဏီမှ နာမည်ကျော် မိုက္ကရိုဆော့(ဖ်) ဝဒ့် ၂၀၀၃ – ၂၀၀၇ ( Microsoft Word 2003 and Word 2007 ) ဆော့(ဖ်)ဝဲယားတွင် i4i ကုမ္မဏီမှ ထုတ်လုပ်သော ဆော့(ဖ်)ဝဲယား အစိတ်အပိုင်း အချို့အား ဗြောင်ကျကျ ယူငင်သုံးစွဲ ထားသောကြောင့် အမေရိကန်နိုင်ငံ တက္ကဆတ်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဩဂုတ်လ အတွင်းက  တက္ကဆတ် တရားရုံးတော်မှ လက်ခံ ကြားနာခဲ့သော  အမှုတွင် မိုက္ကရိုဆော့(ဖ်) ကုမ္မဏီကြီး အပြစ်ရှိကြောင်း တွေ့ရှိရာမှ ကနေဒါ ကုမ္မဏီငယ်လေး i4i အား နှစ်နာကြေး ဒေါ်လာ သန်း၂၉၀ လျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့သည်။

ထို ဆုံးဖြတ်ချက်ကို မိုက္ကရိုဆော့(ဖ်) ကုမ္မဏီကြီးမှ ဖယ်ဒရယ် ဗဟို တရားရုံးတော်ထံသို့ ထပ်မံ ကြားနာပေးရန် အယူခံ ဝင်ခဲ့ရာမှ ဖယ်ဒရယ် ဗဟို တရားရုံးတော်မှ ယခင်အပတ် အင်္ဂါနေ့က i4i အား မီလျံဒေါ်လာ သန်း ၂၉၀နှင့် လာမည့် ဇန္နဝါရီလ ၁၁ ရက်နေ့ ၂၀၁၀ ခုနှစ်တွင် Microsoft Word 2003 and Word 2007 တို့အား ကမာ္ဘနှင့်အဝှမ်း ရောင်းချခွင့် မပြုတော့ကြောင်း အပြစ်ဒဏ် ချမှတ် လိုက်သည်။

i4i ကုမ္မဏီ ဥက္ကဋ္ဌ လော်ဒွန်အိုဝင်က “ ခေတ်သစ် ကမာ္ဘရဲ့ နေ့ရက်တွေမှာ စွန့်ဦးတီထွင် ကုမ္မဏီ ငယ်လေးတွေရဲ့ တိုက်ပွဲခေါ်သံ သမိုင်းသစ် အသင်တို့ ကြားနိုင်ပြီ” ဟု ပြောကြားလိုက်သည်။ အမှု ရင်ဆိုင်ချိန် ၂နှစ်ကျော် အကြာတွင် ထိုကုမ္မဏီလေးမှာ ဒေါ်လာ ၁၀သန်းကျော် အမှုအတွက် ကုန်ကျစရိတ် ရှိခဲ့သည်ဟု ဆိုသည်။ ထိုနည်းပညာ အမှုအား ကြားနာ နေရာတွင် အင်္ဂလန်နိုင်ငံမှ Info-Tech Research Group မှ သုတေသီများ တောက်လျှောက် သုတေသန ပြုလျှက်ရှိသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here