ဗင်နီဇွဲလား နိုင်ငံတွင် ရေယာဉ်တစင်း မီးလောင်မှု ဖြစ်ပွား

alt

ဗင်နီဇွဲလား မြောက်ပိုင်း ကာရေဘီယံ ပင်လယ်အတွင်း ခရစ္စမတ် နေ့က ရေယာဉ်တစင်း မီးလောင်မှု တခု ဖြစ်ပွားခဲ့ရာ လူ(၉)ဦး သေဆုံး သွားခဲ့ရကြောင်း သိရှိရသည်။

တီလက်ဆာ မြို့ရှိ ဗင်နီဇွဲလား ရေတပ် သေနာပတိ ကားလို့အန်နီဆီ က ရေတပ်ဖွဲ့သည် အလောင်း(၉) လောင်းကို ရှာဖွေ တွေ့ရှိကြောင်း၊ ဒဏ်ရာ ရရှိသူ(၅)ဦး ရှိကြောင်း သတင်းထောက် များအား ပြောကြား ခဲ့သည်။ ဒဏ်ရာရသည့် သင်္ဘောသားများ အနက် တဦးမှာ တကိုယ်လုံး နီးပါး မီးလောင် ခံထားရပြီး အခြေအနေ အလွန်ဆိုးကြောင်း၊ ၎င်းတို့အားလုံးကို ရေတပ်က ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း အန်ဆီနီ က ဆိုသည်။

ထိုနေ့ နံနက် အရုဏ်မတက်မီက စတင် လောင်ကျွမ်းသောမီးသည် သင်္ဘောတလျှောက် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားကြောင်း သိရသည်။ ဂရိနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သင်္ဘောမှာ ဘရာဇီးနိုင်ငံမှ စတီးသတ္တုများကို ဟူစတန်မြို့သို့ ဦးတည် သယ်ဆောင်လာစဉ် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းဟု ဂရိသတင်း အေဂျင်စီများက ဆိုသည်။

၎င်းရေယာဉ်အား ပိုင်ဆိုင်သည့် Atlantic Bulk Carriers Management လီမိတက်က မီးလောင်မှုနှင့် ပတ်သက်ပြီး ကြေညာချက် တစုံတရာ ချက်ချင်း ထုတ်ပြန်ခဲ့မှု မရှိခဲ့သေးပေ။ ဗင်နီဇွဲလား ရေတပ်က မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား အတိအကျ မသိရသေးကြောင်းသာ ပြောကြားထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here